ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်မံအသိပေးလိုသည့်အချက်များနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်မံအသိပေးလိုသည့်အချက်များနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

ကျွန်တော့်အနေနဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ပတ်သက်ပြီးတော့ နိုင်ငံသူ၊ နိုင်ငံသားများ မိဘပြည်သူ များကို သိသင့်သိထိုက် တာတွေ၊ အသိပေးရမှာတွေကို စဉ်ဆက် မပြတ်တင်ပြအသိပေးလျက်ရှိပါတယ်။ ဒီနေ့မှာလည်း ထပ်မံအသိပေးတင်ပြလိုတာတွေကို တင်ပြသွားပါမယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ပြည်သူလူထုသိရှိအောင်  ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာ တစ်ကြိမ်၊  ဖေဖော်ဝါရီလ ၁၇ ရက်နေ့ YMBA နဲ့ တွေ့ဆုံတဲ့အချိန်မှာ တစ်ကြိမ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ တော့ ပြည်ပနိုင်ငံတွေမှာ တာဝန်ထမ်း ဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ သံအမတ်ကြီး တွေ၊ သံရုံးယာယီတာဝန်ခံတွေနဲ့ တွေ့ဆုံတဲ့အခါမှာ     အရန်တပ်ဖွဲ့ဥပဒေနဲ့ ပတ်သက်ပြီး တစ်ကြိမ် ပြောကြားခဲ့ပါတယ်။ ဒီပြောကြားချက်တွေကို ကျွန်တော် ထပ်မံအသိပေးလိုပါတယ်။ ဒီပြည်သူ့ စစ်မှုထမ်း ဥပဒေဟာ နိုင်ငံတော်အနေနဲ့ နိုင်ငံတော် ကာကွယ်ရေး အထူးသဖြင့် ဒို့တာဝန် အရေး သုံးပါးကိုကာကွယ်စောင့်ရှောက်ဖို့ ယခင် ကတည်းကတိုင် ပြဋ္ဌာန်းခဲ့တဲ့ဥပဒေဖြစ်တဲ့ အကြောင်း၊ အဲ့ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ တွက်ချက်ချင့်ချိန်ဆောင်ရွက် သွားမှာဖြစ်ပြီး နိုင်ငံအတွက် လည်းဝန်ထုပ် ဝန်ပိုးမဖြစ်ရန်ဆိုတဲ့အကြောင်းနဲ့ သတ်မှတ် အပိုင်းအခြားအတွင်းမှာ သင့်တင့်လျောက် ပတ်တဲ့ အင်အားသာတာဝန်ထမ်းဆောင်ရန် ဖြစ်ပြီး ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေဖြစ်အောင် ဆောင်ရွက်သွား မှာဖြစ်ကြောင်း ပထမဦးဆုံးပြောကြားခဲ့ပါ တယ်။ ဒါလေးကို ကျွန်တော်တို့မိဘပြည်သူ များသိအောင်  ထပ်မံတင်ပြလိုပါတယ်။ နောက်တစ်ခုကတော့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ YMBA နဲ့တွေ့ဆုံချိန်အခါမှာလည်း သတ်မှတ်အသက်အပိုင်းအခြားအတွင်းမှာ သင့်တင့် လျောက်ပတ်တဲ့ အင်အားကိုသာ သတ်မှတ်ကာလအတွင်း တာဝန်ထမ်းဆောင် စေရန်ဖြစ်ပြီး နိုင်ငံတော်အတွက်၊ ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း လည်း ထုတ် ပြန်ထားတဲ့ ဥပဒေကိုလေ့လာခြင်းမရှိဘဲနဲ့ အခြေအမြစ်မရှိတဲ့သတင်းမှားတွေ ထင်မြင် သုံးသပ်ချက်တွေပေါ် အခြေခံပြီး သွေးထိုးလှုံ့ဆော်နေတာတွေရှိလို့ မိဘပြည်သူများ သတိပြုကြရန် လိုကြောင်း  ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သံအမတ်ကြီးတွေနဲ့တွေ့ဆုံ တဲ့အခါမှာလည်း  အရန်တပ်ဖွဲ့ ဥပဒေနဲ့ ပတ်သက်ပြီး အရန်တပ်ဖွဲ့ဥပဒေကို စစ်မှု ထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ် ယူမယ်လို့ ဆိုလိုတာ မဟုတ်ဘဲနဲ့ ခေါ်သင့် ခေါ်ထိုက်သူများကိုသာ ပြန်လည်တာဝန်ပေး အပ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပြီးဖြစ် ပါတယ်။ ပြည်သူလူထုအားလုံးသိရှိအောင် နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ပြောကြားခဲ့ ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်ဝန်ကြီး ချုပ်အနေနဲ့ မကြာခဏပြောကြားခဲ့တာ တွေရှိပါတယ်။ နိုင်ငံတစ်ခုတည်ဆောက်ဖို့၊ နိုင်ငံတစ်ခုတည်မြဲဖို့အတွက် နိုင်ငံရေး စွမ်းအား POLITICAL MIGHT၊ စီးပွား ရေးစွမ်းအား ECONOMIC MIGHT နဲ့ ကာကွယ်ရေးစွမ်းအား MILITARY MIGHT ကောင်းဖို့ လိုအပ်တယ် ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒီအထဲမှာ စီးပွားရေး စွမ်းအားက အဓိကပဲ။ ဒါမှ ကျန်တဲ့စွမ်းအား တွေကို မြှင့်တင်နိုင်တယ်ဆိုတာလည်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ဒီစီးပွားရေးနဲ့ပတ်သက် ပြီးတော့ သီအိုရီတွေ၊ အယူအဆတွေမျိုးစုံ ရှိပေမယ့် ရှုပ်ရှုပ်ထွေးထွေး မပြောလိုပါဘူး။ တစ်ခုပဲပြောလိုပါတယ်။ စီးပွားရေး အင်အား တောင့်တင်းဖို့ဆိုရင် ရိုးရိုးရှင်းရှင်းလေး ကျမ်းရိုးဘောဂဗေဒမှာ ပြောထားတဲ့အတိုင်း ကုန်ထုတ် စွမ်းအားစုတွေ တောင့်တင်းဖို့လိုတယ်။ ကုန်လုပ်ဆက်ဆံရေး စနစ်တကျခိုင်မြဲဖို့လိုပါမယ်။  ကုန်ထုတ် စွမ်းအားစုဆိုတဲ့ နေရာမှာ ဆန်းသစ်တဲ့အယူ အဆတွေမျိုးစုံပေါ်လာမှုနဲ့ ယခင်ကျမ်းရိုး ဘောဂဗေဒ အတိုင်းဆိုရင်တော့ LAND LABOUR CAPITAL ပါပဲ။ ကုန်ထုတ် စွမ်းအားစုနဲ့ မြေယာလုပ်အား အရင်းအနှီး ပါပဲ။ အစိုးရတစ်ရပ်အနေနဲ့ ဒါတွေကို အလေးအနက်ထားပါတယ်။ လုပ်အားဆိုတဲ့ နေရာမှာ လူသားအရင်းအနှီး  HUMAN CAPITAL သည် အလေးထားရမှာဖြစ်ပါတယ်။ ဒီထဲမှာ LABOUR လုပ်အား ဆိုတာ ပါပါတယ်။ ဒါတွေကို ကျွန်တော်တို့က အစိုးရတစ်ရပ်အနေနဲ့ အမြဲတမ်းအလေး ထားဆောင်ရွက် လျက်ရှိပါတယ်။ ခုနကပြောတဲ့ နိုင်ငံရေးစွမ်းအားတွေ၊ စီးပွားရေးစွမ်းအားတွေ၊ ကာကွယ်ရေး စွမ်းအားတွေ ဒီနိုင်ငံ တော်အတွက် လိုအပ်တဲ့စွမ်းအားစုတွေကို တည်ဆောက်တဲ့အခါမှာ ကျွန်တော်တို့ အစိုးရ အနေနဲ့ ဘက်ညီမျှတစွာကျင့်သုံးသွားမှာပဲဖြစ်ပါတယ်။ ဒါတွေကို ပြည်ဖျက်မီဒီယာတွေ တချို့သော EAOs တွေကကောလာဟလ ထုတ်လွှင့်ပြီး ပြည်သူလူထုစီးပွားဘဝမငြိမ်မသက်ဖြစ်အောင်၊ ပြည်သူလူထုစိုးရိမ် ထိတ်လန့်မှုတွေဖြစ်အောင် လုပ်ဆောင်နေ တာမျိုးတွေ ကျွန်တော်တို့တွေ့ရပါတယ်။ ကျွန်တော်ယခင်ကလည်း အင်အားနဲ့တကွ တွက်ချက်တင်ပြပြီးဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ ပြည်သူ့ စစ်မှုထမ်းဥပဒေအရ နိုင်ငံတော်ကာကွယ် ရေးတာဝန်ထမ်းဆောင်နိုင်ဖို့ အတွက် ထမ်းဆောင်နိုင်တဲ့၊ အကျုံးဝင်နိုင်တဲ့အင်အား ၁၃ သန်းရှိပါတယ်။ ဒီအထဲမှာ အမျိုးသား အင်အားက ၆ သန်းကျော်ရှိပါတယ်။

ကျွန်တော်တို့အနေနဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင် စေရာမှာ ဒီအမျိုးသားဦးရေ ၆ သန်းထဲကမှ ၁ ရာခိုင်နှုန်း ၆ သောင်း နီးပါးလောက်ပဲ ကျွန်တော်တို့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါတွေကလည်း အလှည့်ကျ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်တဲ့နေရာမှာ အခြားနိုင်ငံတွေမှာလည်း အလှည့်ကျ အကျုံးဝင်တဲ့ အလျောက် တာဝန်ထမ်းဆောင်ရတာဖြစ်ပါတယ်။  နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ပြီး လျှင် ဦးစားပေးအလိုက် ဝန်ထမ်းခန့်အပ်တာတွေ၊ ဦးစားပေးအလိုက်အလုပ်ခန့်ထားတာတွေ ဒါတွေ သည်လည်း ရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော့်အနေနဲ့ ဒီနေ့မှာရှင်းလင်းစွာ အသိပေး ပြောကြားလိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းများကို  ခေါ်ဆိုတဲ့နေရာမှာ အမျိုးသမီးတွေကို လတ်တလောခေါ်ယူဖို့ အစီအစဉ်မရှိသေးကြောင်း ရှင်းလင်းစွာပြောကြားလိုပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။   ။