အနောက်ဘက်ကမ်းခြေဒေသအနီး၌ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား

 

အနောက်ဘက်ကမ်းခြေဒေသအနီး၌ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား

တစ်ဦးသေဆုံးပြီး  ဦးဒဏ်ရာရအစ္စရေးနိုင်ငံ၊ ဂျေရုဆလင်မြို့မြောက်ပိုင်းရှိ အနောက်ဘက်ကမ်းခြေဒေသအနီး၌ ဖေဖော်ဝါရီလ ၂၂ ရက်က သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားရာ အနည်းဆုံးလူ တစ်ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိသွားကြောင်း အစ္စရေးရဲတပ်ဖွဲ့နှင့် အရေးပေါ်အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါပစ်ခတ်မှုတွင် သေနတ်သမား သုံးဦးသည် အနောက်ဘက်ကမ်းခြေဒေသ အခြေချအိမ်ရာအနီးရှိ မီးပွိုင့်တစ်ခုအနီး၌ မီးနီကိုဖြတ်ကျော်ရန် စောင့်ဆိုင်းနေသည့် မော်တော်ယာဉ်များကို ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်သည်။ ယင်းနောက်တွင် သေနတ်သမားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကြားဖြစ်ပွားသည့် အပြန်အလှန် ပစ်ခတ်မှုအတွင်း သေနတ်သမားနှစ်ဦးမှာသေဆုံးပြီး ကျန်တစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားသည်။ သို့သော် ၎င်းအား နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

သေနတ်သမားများ၏ ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိသူများအနက် နှစ်ဦးမှာ စိုးရိမ်ရ သည့်အခြေအနေရှိကြောင်း အရေးပေါ်အဖွဲ့က ထုတ်ပြန်ထားသည်။

Ref: RT, Xinhua