IS စစ်သွေးကြွ အဖွဲ့ဝင်ဟုယူဆရသူ လူအနည်းဆုံး ၄၇ ဦးကို တူကီယဲဖမ်းဆီး

 

IS စစ်သွေးကြွ အဖွဲ့ဝင်ဟုယူဆရသူ လူအနည်းဆုံး ၄၇ ဦးကို တူကီယဲဖမ်းဆီး

တူကီယဲရဲတပ်ဖွဲ့သည် နိုင်ငံအတွင်းရှိ ပြည်နယ် ၅ ခုတွင်  IS စစ်သွေးကြွအဖွဲ့ဝင် ဟုယူဆရသူ လူအနည်းဆုံး ၄၇ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တူကီယဲပြည်ထဲရေး ဝန်ကြီး အလီယာလီကာယာက ဖေဖော်ဝါရီ လ ၂၁ ရက်တွင်ထုတ်ပြန်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယခုတွင်  IS စစ်သွေးကြွ အဖွဲ့ဝင်ဟု ယူဆရသူများအား အစ္စတန်ဘူလ်မြို့၊ အန်ကာရာမြို့တော်နှင့် အခြားပြည်နယ်များ ဖြစ်သည့် ကီရီကာလီ၊ အေဒါနာနှင့် ဘာဆာတို့တွင် လုပ်ဆောင် သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ဆင်မှုများအတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

တူကီယဲအစိုးရသည် အဆိုပါဒေသများ အတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ဆင် မှုများကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်မှစတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

တူကီယဲရဲတပ်ဖွဲ့သည် ၂၀၂ ၃ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း IS စစ်သွေးကြွအဖွဲ့အတွက် ငွေကြေး ရှာဖွေပေးနေသည့် ခေါင်းဆောင်တစ်ဦးကို နိုင်ငံ၏အရှေ့တောင်ပိုင်း မာဆင်ပြည်နယ်၌ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

Ref: Xinhua