ပြည်မြို့၌ တည်းခိုနေသည့် ရခိုင်တိုင်းရင်းသားများ ၂၀ ထက်မနည်းကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သတင်းတု၊ သတင်းအမှားများကို လုပ်ကြံ ရေးသားဖြန့်ဝေလျက်ရှိ

 

ပြည်မြို့၌ တည်းခိုနေသည့် ရခိုင်တိုင်းရင်းသားများ ၂၀ ထက်မနည်းကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သတင်းတု၊ သတင်းအမှားများကို လုပ်ကြံ ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

    ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ တည်းခိုခန်းများတွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဧည့်စာရင်းစစ်ဆေးပြီး ရခိုင်တိုင်းရင်းသားမှတ်ပုံတင်ကိုင်ဆောင်သူ ၂၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း အထင်အမြင် လွဲမှားဖွယ် ကောလာဟလသတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရ သည်။

   အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ရခိုင်တိုင်းရင်းသားမှတ်ပုံတင်ကိုင်ဆောင်သူ ၂၀ ကျော်ကို ဖမ်းဆီးသည်မှာ မှန်ကန်မှုမရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင် အမြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားထား ခြင်းဖြစ်ကြောင်း သိရှိရပါ သည်။

    ပဲခူးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်သမားများဝင်ရောက်လှုပ်ရှားမှု မရှိ စေရန်နှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ရပ်ကွက်ကျေးရွာများမှ အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်းများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်ကို  တရားမဝင်ပြည်ဖျက်မီဒီယာများမှ အထင်အမြင် လွဲမှားစေရန်အတွက် ကောလာဟလသတင်းအမှားများကို ရည်ရွယ်ချက် ရှိရှိ လုပ်ကြံ ရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။