ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

ဆရာအောင်ဒင်တို့ တပ်စိတ်တပ်ဖွဲ့ဟာ ဒီနေရာ ကို အနီးကပ်ဆုံးနေရာယူထားရမယ်။ ဆရာတင့်ခိုင် က ဒီနေရာကိုယူ၊ ဒီနေရာမှာတော့ ဆရာထွန်းငြိမ်းတို့ တပ်စိတ်က ရှိနေမယ်။ ကျွန်တော်နဲ့ ဆရာကြီးထွန်း ရွှေက ဒီမှာရှိနေမယ်

ရှင်းတယ်နော်

ဟုတ်

ဟုတ်

ရန်သူ့နယ်မြေအနေအထား

ဗိုလ်ထွန်းလင်းသည် တပ်ကြပ်အားလုံး၏မျက်နှာကို ဖျတ်ခနဲတစ်ချက်ကြည့်လိုက်သည်။ တပ်ကြပ်ကြီး နှင့်တကွ အကြပ်အားလုံးသည် ငြိမ်နေကြ၏။ တုတ် တုတ်မျှ မလှုပ်ကြ။

ဒီနေရာမှာ ရန်သူရဲ့ရှေ့ကင်းရှိတယ်။ ဒါက ဆက်သွယ်ရေးလမ်းကြောင်း၊ ဒီနေရာမှာ ခုနကပြောတဲ့ ချင်းရွာလေးတစ်ရွာရှိနေတော့ တိုက်ပွဲဖြစ်ရင် ဒီရွာကိုမထိခိုက်ရအောင် ကျွန်တော်တို့ ဒီဘက်ကနေပြီး ရန်သူ့စခန်းကို  ပစောက်ပုံဝိုင်းရမယ်။  ဒီနေရာမှာ ကတုတ်နဲ့ ဆူးထောင်ချောက်တွေ ရှိချင်ရှိနိုင်တယ်။ အဲဒါကြောင့် ဆရာတင့်ခိုင်တို့အဖွဲ့က ဒီချောင်းကမ်း ပါးနားမှာ အနီးကပ်ဆုံးနေရာယူထားကြရမယ်။ ကျွန် တော်နဲ့ ဆရာကြီးထွန်းရွှေတို့ကလည်း ဒီနေရာကနေပြီး ရန်သူ့စခန်းနဲ့အနီးကပ်ဆုံးအထိ ချီတက်မယ်။ ဆရာထွန်းငြိမ်းက ညာတောင်ပံ၊ ဆရာအောင်ဒင်က ဘယ်တောင်ပံ၊ အားလုံးက ရန်သူ့စခန်းနဲ့ အနီးကပ် ဆုံး ပေခုနစ်ဆယ့်ငါး၊ တစ်ရာအတွင်းထိ ချီတက်ကြ ရမယ်။ ရှင်းတယ်နော်}}

ဟုတ်ကဲ့၊ ရှင်းပါတယ် ဗိုလ်ကြီး

ကျွန်တော်တို့ဟာ ရန်သူတွေရဲ့သွားလာလှုပ်ရှားနေတဲ့ အခြေအနေကို မြင်ရတဲ့အထိ ရန်သူ့စခန်းကို ချဉ်းကပ်ကြရမယ်။ ကျွန်တော် ကာဘိုင်သေနတ်နဲ့ပစ်ပြီး အချက်မပေးမချင်း  ဆရာတို့အဖွဲ့တွေနဲ့  ရဲဘော်တွေဟာ ဘာမှမလုပ်ရဘူး။ ရန်သူက အခြေအနေကို ရိပ်မိသွားရင် ဒီစမ်းချောင်းလေးအတိုင်း အထက်ဘက်ကိုဆုတ်ပြီး အမ်းတောင်ကြားလမ်းက ရခိုင်ဘက်ကို ဆုတ်မယ်။ အဲဒါကြောင့် ဒီနေရာမှာ တာဝန်ကျတဲ့ ဆရာထွန်းငြိမ်းနဲ့အဖွဲ့က ဒီလမ်းကို ဘယ်လိုအခြေအနေမျိုးရှိရှိ ပိတ်ကိုပိတ်ထားနိုင်ရမယ်။  ဒီနေရာမှာ  စက်ကလေးသေနတ်ကို အစွမ်းကုန်အသုံးချပြီး ပိတ်ထားရမယ် ဟုတ်လား

ဟုတ်ကဲ့ ဗိုလ်ကြီး

သူ့ညီဗိုလ်ထွန်းလင်းက  မြေပုံကို  တစ်နေရာစီ ထောက်ပြပြီး  အမိန့်ပေးနေသည်ကို  တပ်ကြပ်ထွန်းငြိမ်းသည် အသေးစိတ်လိုက်မှတ်လျက်ရှိလေသည်။

ရန်သူရဲ့အင်အားက ငါးဆယ်ကျော်တယ်လို့ ခန့်မှန်းတယ်။ ဒီကမြည်းကန်စခန်းက ပန်းတိမ်းငဖဲရဲ့ နောက်ဆုံးရန်သူ့ခြေကုပ်စခန်းဖြစ်တယ်။  ဒီတော့ ကတုတ်ကျင်းတွေရှိနိုင်တယ်။ သံဆူးကြိုးတွေလည်း ရှိနိုင်တယ်။  ဆူးတွေလည်း  စိုက်ချင်စိုက်ထားမယ်။   အဲဒါကြောင့် အနီးတကာ့အနီးဆုံး ချဉ်းကပ်ကြရမယ်။ ကျွန်တော်တို့က အချက်ပေးပစ်တဲ့ ကာဘိုင်သေနတ်နဲ့အတူ ကိုက်တစ်ရာအတွင်းကို မော်တာနဲ့ပစ်ရမယ်။ ဆယ်မိနစ်အတွင်းမှာ   မော်တာရပ်ဖို့  ကျွန်တော်အမိန့်ပေးမယ်။ မော်တာရပ်တာနဲ့တစ်ပြိုင်နက် လှံစွပ်တိုက်ပွဲဝင်ဖို့  ရဲဘော်တွေအားလုံး အသင့်ဖြစ်နေရမယ်။ ဒီစခန်းဟာ ရန်သူက နယ်ကျွမ်းတဲ့စခန်းဖြစ်လို့ စခန်းကိုသိမ်းပြီး တစ်နာရီအတွင်း တပ်ပြန်ဆုတ်ခွာရမယ်။ ဒီနေရာမှာ တောင်ကုန်းတွေရှိနေတယ်။  တပ်ဆုတ်တဲ့အခါ ဆရာတင့်ခိုင်နဲ့  ဆရာထွန်းငြိမ်းတို့က ဒီနေရာမှာရှိနေရမယ်။ ဆုတ်သွားတဲ့ရဲဘော်တွေကို အကာအကွယ်ပေးရမယ်။ ဒါပဲနော်၊ အားလုံးရှင်း တယ်မဟုတ်လား

ရှင်းပါတယ် ဗိုလ်ကြီး

ကောင်းပြီ၊ ဒီတော့ နာရီကိုတိုက်ကြ၊ ခု ကျွန်တော့် နာရီက ခြောက်နာရီဆယ့်ငါး၊ ညရှစ်နာရီ ဆယ်မိနစ် မှာ လရောင်နဲ့ ရန်သူ့စခန်းရှိရာကို တပ်စုအားလုံးချီ မယ်၊  ခန့်မှန်းခြေ  ရန်သူ့စခန်းကို  လေးနာရီကျော် ရောက်ကြမယ်။ တစ်နာရီနားပြီး ရန်သူ့အခြေအနေကို လေ့လာမယ်၊  ငါးနာရီမှာ  လင်းရောင်ခြည်တိုက်ပွဲ စတင်မယ်၊ ဒါပဲ

ဗိုလ်ထွန်းလင်းသည်   တပ်ကြပ်ကြီးထွန်းရွှေနှင့်တကွ တပ်ကြပ်အားလုံး၏မျက်နှာကို တစ်ယောက်စီ လိုက်ကြည့်လိုက်သည်။

မေးစရာရှိသေးလား

မရှိပါ ဗိုလ်ကြီး

ရှင်းပါတယ်နော်

ဟုတ်

ဒါပဲ၊ ဒါပဲ

    

ဆက်လက်ဖော်ပြပါမည်။