(၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၃၀)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

 

(၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၃၀)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ ၂၄

(၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၃၀)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ  တပ်မတော်လေ့ကျင့်ရေးအရာရှိချူပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်  ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ အကဲဖြတ် အမှတ်ပေးအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် စစ်တီးဝိုင်းအသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြိုင်ပွဲဝင်စစ်တီးဝိုင်းအဖွဲ့များက တပ်မတော်လေ့ကျင့်ရေးအရာရှိချူပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းအား အလေးပြုခြင်း၊ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုခြင်းတို့ကို အစီအစဉ်အတိုင်း ပြုလုပ်သည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တပ်မတော်လေ့ကျင့်ရေးအရာရှိချူပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက (၇၉)နှစ်မြောက် တပ်မတော် နေ့အထိမ်းအမှတ် (၃၀)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲ (ခ)အဆင့် စစ်တီးဝိုင်းခေါင်းဆောင်ကျွမ်းကျင်မှုတွင် တတိယဆုရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၂)စစ်တီးဝိုင်း အသင်းခေါင်းဆောင်၊ ဒုတိယဆုရရှိသည့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအမှတ်(၁)စစ်တီးဝိုင်းအသင်းခေါင်းဆောင်နှင့် ပထမဆုရရှိသည့် ကမ်းရိုးတမ်းဒေသ တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်း အသင်းခေါင်းဆောင်တို့ကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ (က)အဆင့်တွင် စစ်တီးဝိုင်းခေါင်းဆောင်ကျွမ်းကျင်မှု အကောင်းဆုံးဆုရရှိသည့် စစ်တက္ကသိုလ် ကိုယ်စားပြုစစ်တီးဝိုင်းအသင်း၊ (ခ)အဆင့် အသင်းလိုက် အထူးဆု - ၂  ရရှိသည့်  တောင်ပိုင်းတိုင်းစစ်ဌာနချူပ် ကိုယ်စားပြုအမှတ်(၁)စစ်တီးဝိုင်းအသင်း၊ အထူးဆု - ၁ ရရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချူပ် ကိုယ်စားပြုအမှတ်(၂)စစ်တီးဝိုင်းအသင်း၊ တတိယဆုရရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချူပ် ကိုယ်စားပြုအမှတ်(၁)စစ်တီးဝိုင်းအသင်း၊ ဒုတိယဆုရရှိသည့် နေပြည်တော်တိုင်းစစ်ဌာနချူပ် ကိုယ်စားပြုအမှတ်(၁)စစ်တီးဝိုင်းအသင်း၊ ပထမဆုရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချူပ် ကိုယ်စားပြုအမှတ်(၁)စစ်တီးဝိုင်းအသင်းနှင့် (က)အဆင့် အသင်းလိုက် အထူးဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချူပ် ကိုယ်စားပြုရဲတီးဝိုင်းအသင်း၊ တတိယဆုရရှိသည့် စစ်တက္ကသိုလ် ကိုယ်စားပြုစစ်တီးဝိုင်းအသင်း၊ ဒုတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချူပ်ရုံး(ရေ) ကိုယ်စားပြု စစ်တီးဝိုင်းအသင်းနှင့် ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချူပရုံး(လေ) ကိုယ်စားပြု စစ်တီးဝိုင်း အသင်းတို့ကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ တပ်မတော်နေ့အထိမ်းအမှတ် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲများကို ၁၉၉၂ ခုနှစ်မှစတင် ကျင်းပခဲ့ပြီး (၇၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် (၃၀)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်မှစတင်၍ ကျင်းပပြုလုပ် ခဲ့ရာ ပြိုင်ပွဲဝင် စစ်တီးဝိုင်းအသင်းပေါင်း(၂၉)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်း ရရှိသည်။