မန္တလေးမြို့ မဟာမုနိဘုရားကြီး (၆၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စာရေးတံမဲနှင့် ဆွမ်းတော်ကြီးလောင်းလှူပွဲ ကျင်းပ

 

မန္တလေးမြို့ မဟာမုနိဘုရားကြီး (၆၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စာရေးတံမဲနှင့် ဆွမ်းတော်ကြီးလောင်းလှူပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၂၄

          မန္တလေးမြို့ မဟာမုနိဘုရားကြီး၏ (၆၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စာရေးတံမဲနှင့် ဆွမ်းတော်ကြီးလောင်းလှူပွဲ အခမ်းအနားကို ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးရင်ပြင်တော်၌ ပြုလုပ်ရာ တောင်ထီးလင်းတိုက်၊ သဲကုန်းကျောင်း၊ မဟာမုနိရုပ်ရှင်တော်မြတ်ရေတော်ဆရာတော် ဘဒ္ဒန္တ ဥက္ကဋ္ဌ အမှူးပြုသော သံဃာ တော်များ ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ မဟာ မုနိဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘုရားဖူးပြည်သူများ တက်ရောက်ကြည်ညို ကြသည်။

          ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးအး ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ တာဝန်ရှိသူများနှင့် အလှူရှင်များက ရေတော်ဆရာတော် ဘဒ္ဒန္တ ဥက္ကဋ္ဌ အမှူးပြုသော သံဃာတော် ၁၁၁ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်းသပိတ်၊ လှူဖွယ်ပစ္စည်း များနှင့် စာရေးတံမဲများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

          အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ သမိုင်းဝင်မဟာ ရွှေမြင်တင်စေတီတော်မြတ်ကြီး၌ ဗုဒ္ဓပူဇနိယပွဲတော်၊ အသံမစဲမဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲနှင့် သံဃဒါနဆွမ်းလောင်းလှူပွဲများ ကျင်းပခဲ့ကြောင်းနှင့် ယနေ့ တပို့တွဲ လပြည့်နေ့ ဖြစ်သည်နှင့်အညီ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားများပြားလျက် ရှိကြောင်း သတင်းရရှိသည်။