ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက် ဖွယ်ရာများ ဂုဏ်ပြုပေးအပ်

 

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက် ဖွယ်ရာများ ဂုဏ်ပြုပေးအပ်

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၂၄

          ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း)အတွင်း လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ  ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဧည့်ရိပ်သာ၌ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် အဖွဲ့ဝင်များ၊ တောင်ငူခရိုင်နှင့် ညောင်လေးပင် ခရိုင်အတွင်းရှိ မြို့ပေါ် ဈေးသူ/ဈေးသားများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က အမှာစကားပြောကြားသည်။ ထို့နောက် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်းရှိ မြို့ပေါ် ဈေးသူ/ဈေးသားများက ဂုဏ်ပြုပေးအပ်သည့် ငွေကျပ်သိန်း ၇၃၀ ကျော်တန်ဖိုး ရှိ အသင့်စား စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။