တရုတ်၏ ဗိုင်းရပ် ကာကွယ်ဆေး အောင်မြင်ပါက အင်ဒိုနီးရှားက နည်းပညာ ရရှိမည်

ဘန်ဒေါင်း၊ ကျန်းမာရေး

တရုတ်နိုင်ငံရှိ ဆီနိုဗက်ဘိုင်အိုတက် ကုမ္ပဏီက စမ်းသပ်မည့်   နိုဗယ်ကိုရိုနာ ဗိုင်းရပ် ကာကွယ်ဆေး အောင်မြင် သွားပါက  ထိုကာကွယ်ဆေးနည်းပညာကို အင်ဒိုနီးရှားက ဦးစားပေး အနေဖြင့် ရရှိမည်ဖြစ်ကြောင်း  အင်ဒိုနီး ရှား တာဝန်ရှိသူ တစ်ဦးက သြဂုတ် ၁၂ ရက် တွင်ပြောသည်။

ထိုသို့နည်းပညာရရှိခြင်းသည် အင်ဒိုနီးရှားနိုင်ငံက ဆီနိုဗက်ဘိုင်အိုတက်ကုမ္ပဏီ၏ နောက်ဆုံးအဆင့် ကာကွယ် ဆေး စမ်းသပ်မှုတွင်   ပါဝင်ခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။

ဆီနိုဗက်ကုမ္ပဏီသည် အင်ဒိုနီးရှားနိုင်ငံ၌ ကာကွယ် ဆေးစမ်းသပ်မှုကို စေတနာ့ဝန်ထမ်း  ၁၆၂ဝ  ဖြင့် ခြောက်လ ကြာ လုပ်ဆောင် သွားမည်ဖြစ်သည်။

ထို့ပြင် အဆိုပါကာကွယ်ဆေး စမ်းသပ်မှုများကို  ဘရာဇီးနှင့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင်  အခြား နိုင်ငံအများ အပြားတွင်လည်း  လုပ်ဆောင်သွားမည် ဖြစ်သည်။

ထိုကာကွယ်ဆေးအောင်မြင်ပါက ဘန်ဒေါင်းမြို့ရှိ အင်ဒိုနီးရှားနိုင်ငံပိုင် ဘိုင်အိုဖာမာကုမ္ပဏီက ထုတ်လုပ် ခွင့်ရမည့် အပြင် နည်းပညာကိုလည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့်  အဆိုပါကာကွယ်ဆေးကို အင်ဒိုနီးရှား နိုင်ငံဈေးကွက်၌ ဘိုင်အိုဖာမာကုမ္ပဏီတံဆိပ်ဖြင့်  ရောင်းချသွား မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ ကာကွယ်ဆေးထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင် ရီနီမူလီယာဆာရီ ကပြောသည်။

နည်းပညာလွှဲပြောင်းမှုတွင် ကာကွယ်ဆေးထုတ်လုပ်မှု ဖော်မြူလာလည်း ပါဝင်မည်ဖြစ်ကြောင်းနှင့် ထိုကာကွယ် ဆေးကို အစောဆုံးအနေဖြင့် လာမည့်နှစ် မတ်လမှစ၍အသုံးပြုခွင့်ရရှိမည်ဟုခန့်မှန်းရကြောင်း  ကုမ္ပဏီမှ တာဝန်ရှိ သူများက ပြောသည်။