ပြည်သူ့စစ်မှုထမ်းဥပဒေကျင့်သုံးနေသော နိုင်ငံများအကြောင်းသိကောင်းစရာများ အပိုင်း(၁)

ပြည်သူ့စစ်မှုထမ်းဥပဒေကျင့်သုံးနေသော နိုင်ငံများအကြောင်းသိကောင်းစရာများ အပိုင်း(၁)

အားလုံးပဲမင်္ဂလာပါရှင်၊ ကျွန်မကတော့ တပ်မတော်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ကြီး ဒေါ်အေးသဉ္ဇာကျော် ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စတင်အာဏာတည်ကြောင်း  ထုတ်ပြန် ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီးတော့ ပြောကြားလိုပါတယ်။

ဒီပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း စတင်ထုတ်ပြန် လိုက်တဲ့နေ့ကစပြီး ကျွန်မတို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းမှာရှိတဲ့ နိုင်ငံသူ၊ နိုင်ငံသားထဲမှာ တချို့တွေထဲက ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူတွေရှိသလို၊ တချို့ကသူတို့က စိုးရိမ်မှုတွေဖြစ်ကြတာလည်း ရှိကြပါ တယ်။ ဒါနဲ့ ပတ်သက်ပြီး ကျွန်မပြောချင်တာကတော့ တချို့ကဒီကိစ္စကို   ပြည်သူ့စစ်မှုထမ်း ဥပဒေပေါ် ထွန်းလာပြီဆိုတာနဲ့ တချို့ကထဲထဲဝင်ဝင် လေ့လာကြတယ်။ တချို့ကျတော့လည်း ကိုယ်လိုရာဆွဲပြီး ကောက်ချက်ချရေးသားထားတဲ့၊ တင်ဆက်ထားတဲ့မီဒီယာတွေက ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း ကိုနားယောင်ပြီးတော့ သူတို့မှာ စိုးရိမ်မှုတွေဖြစ်ကြတာရှိပါတယ်။ ကျွန်မအကြံပြုလိုတာ တစ်ခုကတော့ အခုလက်ရှိကာလမှာ နည်းပညာတိုးတက် ထွန်းကားနေပြီဖြစ်ပါတယ်။ ဒီပြည်သူ့ စစ်မှုထမ်း ဥပဒေဆို တာကို ဆိုရှယ်မီဒီယာ ပလက်ဖောင်းကနေပြီးတော့ အလွယ်တကူ Download ဆွဲရယူနိုင်ပါတယ်။ ဒီအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ထဲထဲဝင်ဝင် ကိုယ်တိုင်လေ့လာကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ ဒီလိုထဲထဲဝင်ဝင် လေ့လာကြည့်ဖို့ အတွက် အချိန်မရဘူး၊  အချိန်မပေးနိုင်ဘူး၊ အခွင့်အရေးနည်းတယ် ဆိုရင်လည်း ဒီပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ တကယ်ကိုအပြုသဘောနဲ့ရေးသား ထားတဲ့ စာတွေ၊ စကားဝိုင်းတွေ၊ နိုင်ငံတော်အစိုးရဘက်က တရားဝင်ထုတ်ပြန်ထားတဲ့ သတင်းမီဒီယာတွေ ကနေတစ်ဆင့် ဒီကိစ္စတွေကို သေသေချာချာထဲထဲဝင်ဝင် နားလည်နိုင်အောင် မိမိကိုယ်တိုင်လေ့လာဖို့ လိုပါတယ်။ ကျွန်မဆိုလိုချင်တာက တခြားသူအပြောနဲ့လည်း ယုံစားလို့မရပါဘူး။ မိမိကိုယ်တိုင် ဆုံးဖြတ်ဖို့အတွက် ဖြစ်ပါတယ်။ ပြီးတော့ ပြောချင်တာက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာက   ခုချက်ချင်း ရေးဆွဲ၊ ခုချက်ချင်း ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေလည်း မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလလောက်ကတည်းက ဒီဥပဒေကို ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ မြန်မာနိုင်ငံတော်ရဲ့ အခြေအနေအရ ဒီဥပဒေကို အာဏာတည်ကြောင်း ထုတ်ပြန်ဖို့ လိုအပ် လာပြီဖြစ်တဲ့အတွက် အခုလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနေပြီးတော့  အာဏာတည်ကြောင်း ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။ဒီပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေက ဒါနဲ့အကျွမ်းတဝင်မရှိကြပါဘူး။ အရင်ကလည်း လုပ်လေ့လုပ်ထရှိတဲ့ ကိစ္စတစ်ခု မဟုတ်တဲ့အတွက် သူတို့မှာ အထူးအဆန်း ဖြစ်ရတာမျိုးတော့ရှိပါတယ်။ ဒါပေမဲ့ ကျွန်မတို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသား ဖြစ်တယ်။ ကိုယ့်နိုင်ငံတာဝန်ကို ကိုယ်ကျေပွန်အောင်  ထမ်းဆောင်ရမယ်လို့ နားလည်လက်ခံထားလိုက်မယ်ဆိုရင် ဒီကိစ္စက အရမ်းထူးဆန်းတဲ့ ကိစ္စမဟုတ် တော့ပါဘူး။ ကျွန်မတို့နိုင်ငံက ဒီ၂၀၂၄ ခုနှစ်မှ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံး ပြဋ္ဌာန်းတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးနေတဲ့နိုင်ငံတွေ အများကြီးရှိ ပါတယ်။ ဒီနိုင်ငံတွေထဲကမှ တောင်ကိုရီးယားနိုင်ငံရဲ့အကြောင်းကို တင်ပြချင်ပါတယ်။ တောင်ကိုရီးယား နိုင်ငံဆိုရင် ကျွန်မတို့ငယ်ငယ်ကတည်းက ဇာတ်လမ်းတွဲတွေနဲ့ ဖမ်းစားနိုင်ခဲ့တဲ့ နိုင်ငံတစ်ခုပဲ ဖြစ်ပါ တယ်။ ကျွန်မတို့ငယ်ငယ်တုန်းက မီခဲ့တဲ့ဇာတ်လမ်းတွဲဆိုရင် ချစ်သူ့အတွက်ဟင်းတစ်မယ်တို့၊ ဆောင်းဦး ရွက်ကြွေချစ်သက်သေတို့ပေါ့။ ဒီလိုဇာတ်ကားလေးတွေနဲ့ ကျွန်မတို့ကြီးပြင်းခဲ့ရတာပါ။   ဒီကမှတစ်ဆင့် နည်းပညာတွေ တိုးတက်လာချိန်မှာတော့ တီဗွီကပြတာကိုပဲ ထိုင်စောင့်ကြည့်ရတာမျိုး မဟုတ်ဘဲနဲ့  ကိုယ်ကြိုက်နှစ်သက်ရာ မင်းသမီး၊ မင်းသားတွေကို သူတို့သရုပ်ဆောင်ထားတဲ့ ကားတွေကို ရွေးချယ် ကြည့်ရှုနိုင်တဲ့ အချိန်ကာလတွေကိုလည်း ကျွန်မတို့ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီတော့ကျွန်မတို့ ဘာလုပ်လဲ ကိုရီးယားဇာတ်ကားတွေကြည့်တယ်။ ကိုရီးယားဇာတ်ကားတွေမှာ ကိုယ်ကြိုက်တဲ့ မင်းသမီး၊ မင်းသားကားတွေကို   အရင်ရွေးကြည့်တယ်။ အကယ်လို့ ကိုယ်ကြိုက်တဲ့မင်းသားပေါ့ သူတို့ ဇာတ်ကားတွေ ကျဲသွားတယ် ဘာကြောင့်မရိုက်တော့တာလဲဆိုရင် ကျွန်မတို့က သူတို့နဲ့သက်ဆိုင်တဲ့ အေဂျင်စီတွေ သူတို့နဲ့ ပတ်သက်ပြီးတော့ပေါ့နော် တရားဝင်  Facebook တို့၊ Instagram တို့ပေါ့နော်။ ကျွန်မတို့ ဒါတွေကိုလိုက်ပြီးတော့ ရှာကြည့်တယ်။ သူတို့ဘာကြောင့် ပျောက်သွားလဲပေါ့။    ဒီချိန်မှာမှ သူတို့ကိုရီးယားမှာလည်း စစ်မှုထမ်းဆောင်ခြင်းဆိုတဲ့ ဥပဒေရှိတယ်ပေါ့နော်။ ပြည်သူ့ စစ်မှုထမ်းဆောင် တဲ့အတွက် ဒီလိုအချိန်မှာ TV ဖန်သားပြင်ပေါ်က ပျောက်ကွယ်သွားရပါလား ဆိုတာကို ကျွန်မတို့ သိရှိလာခဲ့ရပါတယ်။     

အဲဒီတော့ ကျွန်မတို့ တောင်ကိုရီးယားနိုင်ငံရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်းကို အနည်းငယ်မျှ ကျွန်မနဲ့အတူ လေ့လာကြည့်လိုက်ကြရအောင်။ တောင်ကိုရီးယားနိုင်ငံက   ပြည်သူ့စစ်မှုထမ်းဥပဒေကို သူအသုံးပြုခဲ့တာက ၁၉၄၉ ခုနှစ်က စပြီးတော့ အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒီအသက်ကာလ အပိုင်း အခြားအရဆိုရင် ၁၉ နှစ်ကနေပြီးတော့ ၃၅ နှစ်အတွင်းမှာရှိတဲ့ အမျိုးသားလူငယ် တွေဟာ   ဒီပြည်သူ့စစ်မှုထမ်းဥပဒေမှာ မပါဝင်မနေရ   တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။  တချို့ ၁၈ နှစ် ပြည့်ပြီးတဲ့ သူတွေကလည်း ဆန္ဒပြုတယ်ဆိုရင် ၁၈ နှစ် ကတည်းက စတင်တာဝန် ထမ်းဆောင်လို့ ရပါတယ်။  ခြွင်းချက်အနေနဲ့ကတော့ ကျန်းမာရေးအရ   စစ်မှုထမ်းဖို့ အသင့်မဖြစ်သူတွေ၊ စစ်မှုထမ်းဖို့ အဆင့်မရှိတဲ့ ကျန်းမာရေးရှိတဲ့သူတွေ၊   နောက်တစ်ခုကတော့ ဒီကိုယ်လက်အင်္ဂါချို့ယွင်းနေတဲ့သူတွေ သူတို့တွေကတော့ စစ်မှုထမ်းခြင်းကနေပြီးတော့ ကင်းလွတ်ခွင့်ရကြပါတယ်။ စစ်မှုထမ်းရတဲ့ ကာလတွေ ကတော့ တောင်ကိုရီးယားနိုင်ငံမှာ သူတို့မှာလည်း ကြည်း၊ ရေ၊ လေ ဆိုတာရှိတယ်ပေါ့နော်။ ကြည်း၊  ရေ၊  လေ ဆိုတာရှိတဲ့အတွက် ဒီတောင်ကိုရီးယားနိုင်ငံရဲ့ ကြည်းတပ်နဲ့ မရိန်းတပ်ကတော့ သူက လပေါင်း အားဖြင့် ဆိုရင် ၁၈ လပေါ့ရှင်။ ၁၈ လ သူက တာဝန်ထမ်းဆောင်ရပါတယ်။ ရေတပ်က လ ၂၀ တာဝန် ထမ်းဆောင်ရတယ်။ လေတပ်ဆိုရင်တော့ ၂၁ လ တာဝန်ထမ်းဆောင်ရပါတယ်။ အခြေခံသင်တန်း တက်ရောက်မှုအနေနဲ့ ပတ်သက်ပြီး  ပြောပြရမယ်ဆိုရင်တော့ ဒီသင်တန်းကို ကျွန်မတို့က ပြည်သူ့ စစ်မှုထမ်းမယ်ဆိုတာနဲ့ သင်တန်း ၅ ပတ် တိတိ တက်ရပါတယ်။ သင်တန်း ၅ ပတ် စဆင်းတဲ့နေ့ ကနေပြီးတော့ ၂ လပြည့်တဲ့ နေ့မှာ တပ်သားရာထူးကိုရပါတယ်။ ပြီးတော့ ဒုတိယပေါ့ နောက် ၆ လပြည့်တဲ့အခါ ကျတော့ ဒုတိယတပ်ကြပ်ရပါတယ်။ တတိယ ၆ လပြည့်သွားတဲ့အချိန်မှာဆိုရင် သူတို့က တပ်ကြပ်ရပါတယ်။ စတုတ္ထ ၄ လပြည့်သွားတဲ့အချိန်ဆိုရင်တော့ သူက တပ်ကြပ်ကြီးရရှိမှာ ဖြစ်ပါတယ်။   ဒါနဲ့ပတ်သက်ပြီး သူတို့မှာ သူတို့ရဲ့အဆင့် သတ်မှတ်ချက်တွေပေါ့နော်။ အဆင့်သတ်မှတ် ချက်တွေ ကျတော့ ဘယ်လိုသတ်မှတ် လဲဆိုရင် အရည်အချင်းနဲ့ သတ်မှတ်တာတော့ မဟုတ်ဘူးရှင့်။ သူတို့မှာက ဝင်တဲ့ အချိန်နဲ့   သတ်မှတ်သွားတာပေါ့နော်။ ဒီအရည်အချင်းနဲ့   သတ်မှတ်သွားတာ မဟုတ်ဘူး။ ခုနက ကျွန်မပြောခဲ့သလိုပဲ ပထမ ၂ လမှာ   သင်တန်းတက်ပြီးလို့ နောက် ၂ လ အကြာမှာ တပ်သား၊ နောက် ၆ လကြာတာနဲ့ ဒုတပ်ကြပ်၊ နောက် ၆ လကြာတာနဲ့ တပ်ကြပ်၊ နောက် ၄ လကြာတာနဲ့ တပ်ကြပ်ကြီး။ ဒီလိုမျိုးနဲ့ပဲ သွားတာဖြစ်ပါတယ်။ သူတို့ဆီမှာတော့ အရည်အချင်းနဲ့ သွားတာတော့ မဟုတ်ဘူးရှင့်။    အချိန်ကာလနဲ့ပဲ အကုန်လုံးကို သတ်မှတ်သွားတာ ဖြစ်ပါတယ်။ ဒီလို ကြည်း၊ ရေ၊ လေ စစ်မှုထမ်းဆောင်တဲ့ ကာလတွေ ပြီးဆုံးသွားပြီဆိုရင်တော့ ကျွန်မတို့က အရန်အင်အားအဖြစ် (၈) နှစ် တာဝန်ထမ်းဆောင်ရပါသေးတယ်။    ဒီအရန်တပ်ဖွဲ့နှစ်ခုက ဘာတွေလဲဆိုရင် စစ်ဆင်မှုအရန်တပ်ဖွဲ့ပေါ့  Mobilization Reserves Forces နဲ့ နိုင်ငံတော်လုံခြုံရေးအရန်တပ်ဖွဲ့ Homeland Reserves Forces မှာ ၄ နှစ်စီ ဆိုတော့ ၈ နှစ်ပေါ့။ အဲဒီ ၈ နှစ်မှာ တစ်နှစ်ကို တစ်ကြိမ်ပေါ့  တစ်ကြိမ်မှာ နှစ်ညအိပ်သုံးရက်ခရီးနဲ့ လာပြီးတော့ စစ်ပညာတွေ ပြန်လည်မွမ်းမံခြင်း၊ ပြန်လည် သင်ကြားပေးခြင်းတွေကို    သူတို့လုပ်ဆောင် ရတာဖြစ်ပါတယ်။  

ဘာလို့ ဒီလိုအရန်တပ်ဖွဲ့အနေနဲ့  ဒီလိုမျိုး ၈ နှစ်အထိ တာဝန်ရှိနေသေးလဲဆိုရင် တောင်ကိုရီးယားနိုင်ငံရဲ့ စစ်ဆင်ရေးကိစ္စတစ်ခုခုကြုံလာပြီဆိုရင် ဒီအရန်အင်အားဖြစ်တဲ့ သူတို့တွေကလည်း    ပြန်လည်ပြီးတော့ စစ်မှုထမ်းဆောင်ရမှာဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ စစ်ပညာနဲ့ အလှမ်းဝေးမနေအောင်၊ စစ်ပညာနဲ့ဝေး ကွာမသွားအောင်လို့ တစ်နှစ်ကိုတစ်ခါဒီလို Training ပေးတာ၊ မွမ်းမံတာတွေ လုပ်ပေးနေတာ ဖြစ်ပါတယ်။ တာဝန်ပေးအပ်တဲ့အနေနဲ့ကတော့ စစ်မှုထမ်းအင်အား စီမံအုပ်ချုပ်ရေးအေဂျင်စီနဲ့ သူတို့ဆီက စစ်ရေးချုပ်ရုံးနဲ့ ပူးပေါင်းပြီးတော့ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ သတ်မှတ်တဲ့ တပ်များ အလိုက် အမြဲတမ်းတပ်ဖွဲ့ဝင်တွေနဲ့ အချိုးကျ နှိုင်းယှဉ်ချိန်ထိုးပြီးတော့ တာဝန်ချထားပေး တာမျိုးတွေကို လည်း ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီစစ်မှုထမ်းကာလပြီးဆုံးသွားပြီဆိုရင် တချို့ကကျတော့   သူတို့ ကိုယ်တိုင်ဆန္ဒပြုပြီးတော့   တပ်ထဲမှာပဲ ဆက်ပြီးနေချင်တဲ့သူတွေလည်း ရှိပါတယ်။ ဒီလို တပ်ထဲမှာပဲ ဆက်ပြီးနေချင်တယ်ဆိုရင်တော့ သူတို့က နောက်ထပ် ၆ လ ဆက်တက်ရပါတယ်။ သင်တန်း ပြန်တက်ရတယ်။ အဲဒီအခါကျရင် သူတို့က အမြဲတမ်းတပ်ဖွဲ့ဝင် ဖြစ်သွားမယ်။ အမြဲတမ်း တပ်ဖွဲ့ဝင် အဖြစ်နဲ့ ဒုတိယတပ်ကြပ်အဆင့်ကနေပြီးတော့ ပြန်လည်စစ်မှုထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ အခု ပြောပြခဲ့တာတွေကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ပြည်သူ့စစ်မှုထမ်းစနစ်အကြောင်းပဲ ဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ကျွန်မပြောချင်တာကတော့ ကျွန်မတို့ဟာ မြန်မာနိုင်ငံမှာမွေး၊ မြန်မာနိုင်ငံမှာကြီးတဲ့ မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။  ကျွန်မတို့နိုင်ငံသားတွေမှာ အမျိုးသားရေးတာဝန်လို့ အများသိတဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ  တည်တံ့ ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးကို  ကျွန်မတို့က ပါးစပ်ကနေ အလွတ်ရနေတာမျိုးမဟုတ်ဘဲနဲ့     လူကိုယ်တိုင်ကလည်း လိုက်ပါ လုပ်ဆောင်ကြဖို့လိုပါတယ်။ ကျွန်မတို့ရဲ့ စစ်သည်တော်ကျင့်ဝတ်မှာ ကျင့်ဝတ်တစ်ပါး ပြဋ္ဌာန်းထားတာရှိတယ်။ အဲဒါက ဘာလဲဆိုရင် ပါးစပ်ကသာ တိုင်းပြည်ကိုမချစ်ဘဲ အလုပ်ဖြင့် တိုင်းပြည်ကိုချစ်ပါဆိုတဲ့ အချက်ရှိပါတယ်။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်နဲ့ တပ်မတော်ထဲကို ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။  ကာကွယ်ရေးအတတ်ပညာဆိုတာက နိုင်ငံသားတိုင်း တတ်ထားသင့်တဲ့   အတတ်ပညာဖြစ်ပါတယ်။ ကာကွယ်ရေးစွမ်းအား ကောင်းမွန်ဖို့အတွက် နိုင်ငံသူ၊ နိုင်ငံသားတိုင်းမှာ ကာကွယ်ရေးအသိ၊ ကာကွယ်ရေးသတိတွေ ရှိနေကြဖို့ လိုအပ်ပါတယ်။ လူတိုင်းက ကိုယ့်ခံယူချက်နဲ့ကိုယ်၊ ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်ဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းရဲ့ခံယူချက်တွေက မတူညီနိုင်တဲ့အတွက် လူတိုင်းရဲ့ခံယူချက်တွေနဲ့  ပတ်သက်ပြီး ကျွန်မနဲ့အမြင်မတူဘူး၊ ကျွန်မနဲ့ဝါဒ မတူဘူး၊ ကျွန်မနဲ့ခံယူချက်မတူဘူးဆိုပြီးတော့ ကျွန်မ မဝေဖန်လိုပါဘူး။ ဒါပေမဲ့ကိုယ့်ရဲ့ခံယူချက်၊ ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်၊ ကိုယ်ဆက်လုပ်မယ့်အလုပ်တွေမှာပေါ့ ကျွန်မ တို့က သတိရတိုင်း နောက်ပြန် လှည့်ကြည့်တဲ့အခါကျရင် ကိုယ့်ကိုယ်ကိုယ် လိပ်ပြာလုံနေဖို့လည်း လိုအပ်ပါတယ်ရှင်။ ဒီနေ့ကတော့ ဒီလောက်ပါပဲ။ နောက်နေ့မှာလည်း တခြား ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေရဲ့အကြောင်းကို ကျွန်မဆက်လက်ပြီးတော့ ပရိသတ်ကြီးဆီကို Knowledge Sharing လုပ်ပေးဖို့ ရည်ရွယ်ထားပါ တယ်။

ကျေးဇူးတင်ပါတယ်။