ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို အင်ဒိုနီးရှားနှင့်သြစတြေးလျ လက်မှတ်ရေးထိုးမည်

ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို အင်ဒိုနီးရှားနှင့်သြစတြေးလျ လက်မှတ်ရေးထိုးမည်

ဂျကာတာ၊ ကာကွယ်ရေး

အင်ဒိုနီးရှားနှင့် သြစတြေးလျနိုင်ငံတို့သည် ၎င်းတို့ကြား အလွန်အရေးပါသည့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးသွားမည်ဟု သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချက်မားက ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြောသည်။

အင်ဒိုနီးရှားနှင့် သြစတြေးလျနိုင်ငံတို့အနေဖြင့် ဘုံတူညီသည့် စုပေါင်းလုံခြုံရေးကို မျှဝေလျက်ရှိပြီး နှစ်နိုင်ငံစလုံးသည် ကာကွယ်ရေးအရ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မားက အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဗြန်တိုနှင့်တွေ့ဆုံပြီးနောက် ပြောကြားခြင်းဖြစ်သည်။

အင်ဒိုနီးရှားနှင့် သြစတြေးလျနိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးမှုရှိသော အိမ်နီးချင်းနိုင်ငံများ၏ ဆက်ဆံရေး ကို ထိန်းသိမ်းထားရန် ရည်မှန်းထားကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဗြန်တိုက ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

နှစ်နိုင်ငံကြား အရေးပါသည့် အဆိုပါကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး    သဘောတူညီချက် တစ်ရပ်ကို မည်သည့်အချိန်တွင် လက်မှတ်ရေးထိုးမည်ကို နှစ်နိုင်ငံစလုံးက အတိအကျထုတ်ဖော် ပြောကြားခြင်း မရှိသော်လည်း လာမည့် နှစ်လ၊ သုံးလအတွင်း လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ပရာဘိုဝို ဆူဗြန်တိုက ပြောကြားခဲ့ကြောင်း   သိရသည်။

Ref: USANews