ဖိလစ်ပိုင်တပ်များက နိုင်ငံအလယ်ပိုင်းတွင် သူပုန်တပ်ဖွဲ့ဝင် ငါးဦးကို ချေမှုန်းနိုင်ခဲ့

ဖိလစ်ပိုင်တပ်များက  နိုင်ငံအလယ်ပိုင်းတွင် သူပုန်တပ်ဖွဲ့ဝင် ငါးဦးကို ချေမှုန်းနိုင်ခဲ့

မနီလာ၊ စစ်ရေး

ဖိလစ်ပိုင်  အစိုးရတပ်ဖွဲ့များသည် နိုင်ငံအလယ်ပိုင်း ဘိုဟိုပြည်နယ်အတွင်း၌ ဖေဖော်ဝါရီလ ၂၃ ရက်က သူပုန်တပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်မှုဖြစ်ပွားရာ သူပုန်တပ်ဖွဲ့ဝင်ငါးဦးကို ချေမှုန်းနိုင်ခဲ့ကြောင်း စစ်ဘက် က ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုသည် ဘီလာမြို့တွင် ဒေသစံတော်ချိန် နံနက် ၇ နာရီ မတိုင်မီ ဖြစ်ပွားခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ဘက်တပ်ဖွဲ့ဝင်များ ပူးပေါင်းထားသည့် ပူးပေါင်းအဖွဲ့က ပြည်သူ့တပ်ဖွဲ့သစ်မှ သူပုန်တပ်ဖွဲ့ဝင်များအား ချေမှုန်းခဲ့ခြင်း ဖြစ်သည်။

ယင်းတိုက်ခိုက်မှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုင်ဖယ်များနှင့် အခြားလက်နက်များကို သိမ်းဆည်း နိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူ့တပ်ဖွဲ့သစ်ဟု အမည်ပေးထားသည့် သူပုန်တပ်ဖွဲ့သည် ၁၉၆၉ ခုနှစ်မှစ၍ အစိုးရအား တိုက်ခိုက်နေခြင်းဖြစ်ပြီး ယင်းသူပုန်တပ်ဖွဲ့တွင် အင်အား ၂၀၀၀ ခန့်ရှိ ကြောင်းသိရသည်။           

Ref: Xinhua