ဗြိတိန်နိုင်ငံရှိ ယူကရိန်းနိုင်ငံသား ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့အဖြစ် နေနေရဟုဆို

ဗြိတိန်နိုင်ငံရှိ ယူကရိန်းနိုင်ငံသား ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့အဖြစ် နေနေရဟုဆို

လန်ဒန်၊ ကယ်ဆယ်ရေး

ဗြိတိန်နိုင်ငံရှိ ယူကရိန်းနိုင်ငံသားထောင် ပေါင်းများစွာမှာ အိုးမဲ့အိမ်မဲ့အဖြစ်နေနေရ လျက်ရှိကြောင်း ဗြိတိန်အစိုးရ၏ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အထူးသဖြင့် ဗြိတိန်နိုင်ငံရှိ ပံ့ပိုးပေးသူများနှင့် ယူကရိန်းနိုင်ငံသားတို့ကြားဆက်ဆံ ရေးပျက်ယွင်း သွားသည့် အတွက် အဆိုပါ နိုင်ငံသား ၁၅၀၀၀ ခန့်မှာ အိမ်ခြေရာမဲ့ ထောက်ပံ့မှုရယူရန် လျှောက်ထား လာခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

ဗြိတိန်အစိုးရသည် "Homes for Ukraine" အမည်ဖြင့် အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော် လျက်ရှိရာ ဇန်နဝါရီလအထိ ထိုအစီအစဉ်တွင်ပါဝင်ခွင့်ရရှိသူ ၁၄၁၀၀၀ ရှိသည်။

ထိုအစီအစဉ်အရ ယူကရိန်းနိုင်ငံသား တစ်ဦး သို့မဟုတ် မိသားစုတစ်စုကို ခြောက်လတာတင် ကျွေးထားသူ ဗြိတိန်အိမ်ပိုင်ရှင် များအား တစ်လလျှင် ပေါင် ၃၅၀ ထောက်ပံ့ ပေးသွားမည်ဖြစ်သည်။

သို့သော် လက်ရှိအချိန်အထိ အိုးမဲ့အိမ်မဲ့ အဖြစ်နေနေရသည့် ယူကရိန်းနိုင်ငံသား အရေအတွက်မှာ ၁၅၀၀၀ ခန့်ကျန်ရှိနေ သေးကြောင်း ထုတ်ပြန်ချက်တွင်ဆက်လက် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ဗြိတိန် နိုင်ငံ၌ ခိုလှုံခွင့်တောင်းခံသူစုစုပေါင်းနှစ်သိန်း အထိရှိလာပြီဖြစ်ပြီး သီတင်းပတ်တစ်ပတ် လျှင် လူအယောက် ၄၀၀ ခန့်ဝင်ရောက်လာနေဆဲဖြစ်ကြောင်း သိရသည်။

Ref: RT