၁၉၇၁ ခုနှစ်ကတည်းက နစ်မြုပ်သွားသည့် ပါကစ္စတန်ရေငုပ်သင်္ဘောကို အိန္ဒိယရေတပ်တွေ့ရှိ

၁၉၇၁ ခုနှစ်ကတည်းက နစ်မြုပ်သွားသည့် ပါကစ္စတန်ရေငုပ်သင်္ဘောကို အိန္ဒိယရေတပ်တွေ့ရှိ

နယူးဒေလီ၊ ရှာဖွေရေး

၁၉၇၁ ခုနှစ်တွင်ဖြစ်ပွားသော အိမ်နီးချင်းနိုင်ငံများနှင့် စစ်ပွဲအတွင်း နစ်မြုပ်သွားသည့် ပါကစ္စတန်နိုင်ငံမှ ရေငုပ်သင်္ဘောကို အိန္ဒိယရေတပ်က ရှာဖွေတွေ့ရှိကြောင်း ဒေသတွင်းသတင်းဌာနများက ဖော်ပြထား သည်။

PNS Ghazi အမည်ရှိ အဆိုပါရေငုပ်သင်္ဘောသည် အိန္ဒိယနိုင်ငံအရှေ့ပိုင်းကမ်းရိုးတန်းအလွန် ၂ ကီလိုမီ တာ အကွာ ရေအောက်အနက် မီတာ ၁၀၀ ခန့်၌တည်ရှိနေသည်ကို အိန္ဒိယရေတပ်မှ ရေအောက် ကယ်ဆယ်ရေးယာဉ်က တွေ့ရှိရခြင်း ဖြစ်သည်။

သို့သော်   စစ်ပွဲအတွင်း အသက်ခန္ဓာစွန့်လွှတ်ခဲ့ရသူများကို လေးစားသောအားဖြင့် ထိုရေငုပ်သင်္ဘောကို ဆယ်ယူခြင်းမပြု ရန်ဆုံးဖြတ်ထားကြောင်း ရေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၁၉၇၁ ခုနှစ်တွင် အရှေ့ပါကစ္စတန်သည် လက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ်သို့ရောက်ရှိလာစေသည့် စစ်ပွဲပြီးဆုံးသော နှစ်ဖြစ်ပြီး အဆိုပါ ရေငုပ်သင်္ဘောနစ်မြုပ်မှုသည် ထိုစစ်ပွဲ၏ အရေးပါသော ဖြစ်စဉ် တစ်ခုဖြစ်သည်။

PNS Ghazi  သည် ၁၉၇၁ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်တွင် ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှ ထွက်ခွာလာခြင်း ဖြစ်ပြီး အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒေ့ရှ်ပြည်နယ်ရှိ ဆိပ်ကမ်းမြို့ဖြစ်သော ဗီဇက်မြို့သို့ ရောက်ရှိအောင် ကီလိုမီတာ ၄၈၀၀ ခန့်ကို ခရီးနှင်လာခြင်း ဖြစ်သည်။

အဆိုပါ ရေငုပ်သင်္ဘောသည် မူလက အမေရိကန်ရေတပ်အတွက် ၁၉၄၄ ခုနှစ်တွင် တည်ဆောက် ပေးခဲ့သည့် ရေငုပ်သင်္ဘောဖြစ်ပြီး ၁၉၆၃ ခုနှစ်တွင်   အမေရိကန်ကပါကစ္စတန်သို့ အငှားချပေးလိုက်ခြင်း ဖြစ်သည်။

ထို့နောက် ရေမြုပ်မိုင်းများ ထောင်ရန်နှင့် အိန္ဒိယ၏ ပထမဆုံးလေယာဉ်တင် သင်္ဘောဖြစ်သော INS Vikrant ကိုဖျက်ဆီးရန် ရည်မှန်းချက်များဖြင့် ထွက်ခွာလာစဉ် ဖျက်ဆီး နှစ်မြှုပ်ခံလိုက်ရခြင်း ဖြစ်ကြောင်း  သိရသည်။                     

Ref: RT