တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာတစ်ခုလုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးနေ ကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာတစ်ခုလုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးနေ ကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

        စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာကို ဖေဖော်ဝါရီ ၂၃ ရက် နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးနေကြောင်း သတင်းတု၊ သတင်းအမှား များအား တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည် ကို တွေ့ရှိရသည်။

        ဖြစ်စဉ်အမှန်မှာ ကံထူးမကျေးရွာရှိ နယ်မြေရဲစခန်းကို PDF အမည်ခံအကြမ်းဖက် သမားများက ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် လာရောက်တိုက်ခိုက်ခဲ့သည့်အတွက် ကံထူးမ ကျေးရွာအနီးတွင် လုံခြုံရေးပူးပေါင်းအဖွဲ့များနှင့် အကြမ်းဖက်သမားများ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ထိရောက်သော လက်နက်ကြီးပစ်ခတ်မှု များကြောင့် အကြမ်းဖက်သမားများ ထိခိုက်သေဆုံးမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာနှင့်အနီးတစ်ဝိုက်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိပြီး ကံထူးမကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးနေသည် ဆိုသည်မှာ မှန်ကန်မှုမရှိသည့် သတင်းအမှားသာဖြစ်ကြောင်း လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။

        တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာ ကျဆင်းစေရန်အတွက် သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားပြီး ပြည်သူများ အား သတင်းအဆိပ်ခတ် ဖြန့်ဝေလျက်ရှိရာ ၎င်းတို့၏ လုပ်ကြံသတင်းအမှားများအပေါ် ပြည်သူများ အထင်အမြင်လွဲမှားမှုမရှိစေရန်အတွက် နိုင်ငံပိုင်သတင်းဌာနများနှင့် သတင်း စာများတွင် သတင်းအမှန်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။