ညောင်လေးပင်ခရိုင်တွင် တပ်မတော်က ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကြောင့် နေအိမ် ၃၄ လုံးနှင့် ဘုန်ကြီးကျောင်း ၁ ကျောင်း မီးလောင်ပျက်စီး ခဲ့ရကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

ညောင်လေးပင်ခရိုင်တွင် တပ်မတော်က ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကြောင့် နေအိမ် ၃၄ လုံးနှင့် ဘုန်ကြီးကျောင်း ၁ ကျောင်း မီးလောင်ပျက်စီး ခဲ့ရကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ  ၂၅

        ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်တွင်းရှိ  မြို့ရွာများကို ဖေဖော်ဝါရီ ၂၃ ရက် နှင့် ၂၄ ရက်နေ့တို့တွင် တပ်မတော်က ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကြောင့် နတ်သံကွင်းမြို့နှင့် တောင်ခင်ကျေးရွာ ၊ အလှိုင်ကျေးရွာ တို့ကို ဗုံးသီးများကျ ရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၃၄ လုံးနှင့် ဘုန်းကြီးကျောင်း  ၁  ကျောင်း မီးလောင်၍ ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က သတင်းတု၊ သတင်းအမှားများကို ပြည်သူများအထင်အမြင်လွဲမှားဖွယ် လုပ်ကြံရေးသားဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။

        အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ညောင်လေးပင်ခရိုင်တွင်းရှိ  မြို့ရွာများကို တပ်မတော်က ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၃၄ လုံးနှင့် ဘုန်ကြီးကျောင်း ၁ ကျောင်း မီးလောင်ပျက်စီးခဲ့သည်ဆိုသည်မှာ တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် လုပ်ကြံသတင်းအမှားများဖြစ်ပြီး နတ်သံကွင်းမြို့တွင် ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် နတ်သံကွင်းမြို့နှင့်အနီးပတ်ဝန်းကျင်ရှိ တောင်ခင်ကျေးရွာ၊ အလှိုင် ကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်ပျက်စီးမှုများ ဖြစ်ပွားခဲ့ရကြောင်း သိရှိရသည်။

        အကြမ်းဖက်သောင်းကျန်းသူများသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူမှုစီးပွားဘဝကို ပျက်စီးစေရန် လုပ်ဆောင်လျက်ရှိရာ ယခုဖြစ်စဉ်တွင်လည်း ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် တပ်မတော်အပေါ် ဒေသခံပြည်သူများမှ အထင်အမြင် လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများတဆင့် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။