ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (YMBA) ၏ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့ ထမနဲ(နှမ်းမနဲ) ထိုးပွဲကျင်းပ

 

ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (YMBA) ၏ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့ ထမနဲ(နှမ်းမနဲ) ထိုးပွဲကျင်းပ

 

ရန်ကုန်  ဖေဖော်ဝါရီ  ၂၅

    မြန်မာ့ဓလေ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကို   ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (YMBA)၏ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့ ထမနဲ(နှမ်းမနဲ)ထိုးပွဲကို  ယနေ့နံနက်ပိုင်းတွင်  ဗဟန်းမြို့နယ်ရှိ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းချုပ် YMBA (ဗဟို)၌ကျင်းပသည်။

အဆိုပါထမနဲ(နှမ်းမနဲ) ထိုးပွဲသို့ YMBA အသင်း(ဗဟို)ဥက္ကဋ္ဌ သီရိသုဓမ္မမဏိဇောတ ဓရ  အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးရဲထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

ထိုသို့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့  ထမနဲ(နှမ်းမနဲ) ထိုးနေမှုအား ့ြဗြ အသင်း(ဗဟို)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက  လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး ထမနဲ(နှမ်းမနဲ)များအား ပြည်သူများသို့ ပေးဝေလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။