ဗန်းမောက်မြို့နယ်၌ ယခုဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နှမ်းဧက ၂၀၀၀ ကျော် စိုက်ပျိုးပြီးစီး

ဗန်းမောက်မြို့နယ်၌ ယခုဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နှမ်းဧက ၂၀၀၀ ကျော် စိုက်ပျိုးပြီးစီး

ဗန်းမောက်၊ စိုက်ပျိုးရေး

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်၌ ယခုဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် နှမ်းဧက ၂၀၀၀ ကျော် စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ကသာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ယခု ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဗန်းမောက်မြို့နယ်၌ နှမ်းဧက ၂၀၂၀ စိုက်ပျိုးရန်လျာထားပြီး ၂၀၂၃   ခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ လက်ရှိအချိန်ထိ ဧက ၂၀၂၀ စိုက်ပျိုးပြီးစီးပြီ ဖြစ်သည်။

“နှမ်းစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ဖို့၊ အထွက်နှုန်းကောင်းမွန်ဖို့၊ GAP စနစ်နဲ့ စိုက်ပျိုးနိုင်ဖို့အတွက် စိုက်ပျိုးရေး ဆိုင်ရာအသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပါတယ်” ဟု ကသာခရိုင် စိုက်ပျိုးရေး ဦးစီးဌာန  ဦးစီးမှူး  ဦးမြင့်စိုးကပြောသည်။

ပြီးခဲ့သည့် ဆောင်းသီးနှံစိုက်ပျိုးရာသီ က ဗန်းမောက်မြို့နယ်၌ နှမ်းဧက ၂၀၂၀ အထိ စိုက်ပျိုးနိုင်ခဲ့ ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက ဗန်းမောက်မြို့နယ်၌ နှမ်း ၉၃ ဧက စိုက်ပျိုးရန်လျာထားပြီး မေလမှ စက်တင်ဘာလအထိ စိုက်ပျိုးခဲ့ကြရာ ၈၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ဗန်းမောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ဆောင်းနှမ်းတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ GAP စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန်သည့်မျိုးများ စိုက် ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ    ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများသည် တခြားစိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်သည့် သီးနှံများထက် အရည်အသွေးပိုမိုကောင်းမွန်ခြင်း၊ ဈေးနှုန်းပိုမိုရရှိခြင်း၊ ပြည်တွင်း ဈေးကွက် တွင်သာမက    ပြည်ပဈေးကွက်များသို့ပါ တင်ပို့ရောင်းချနိုင်ခြင်း   စသည့် အကျိုးကျေးဇူးများ ကြောင့် GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအနေဖြင့်လည်း အကျိုးစီးပွား ပိုမိုဖြစ်ထွန်းကာ ၎င်းတို့၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

(၄၀၉)