ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံခြင်း၏ အကျိုးကျေးဇူးများ

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံခြင်း၏ အကျိုးကျေးဇူးများ

 

    ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းဌာနခွဲသည်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက်   တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၂၇-၁-၂၀၂၁) ရက်နေ့မှစတင်၍ ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးကို   ရာနှုန်းပြည့်ကာကွယ် ဆေးထိုးနှံရေးအစီ အစဉ်အရ ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၂၆-၁-၂၀၂၄)ရက်နေ့အထိ   အသက် (၅)နှစ်နှင့်အထက်ရှိသော ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ လူဦးရေ (၄၃)သန်းကျော်အနက် လူဦးရေ (၃၉.၈) သန်းခန့်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးလွှမ်းခြုံမှု (၉၂)ရာခိုင်နှုန်းရရှိခဲ့ပြီး    ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသည့် လူဦးရေမှာ (၃၆.၃)သန်းခန့် ရှိပြီဖြစ်သောကြောင့် ကာကွယ်ဆေး လွှမ်းခြုံမှု (၈၄)ရာခိုင်နှုန်း ရရှိခဲ့ပြီးဖြစ်ပါသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ (၆)လ ပြည့်ပြီးသော အသက် (၅) နှစ်နှင့်အထက် ရှိသူများအား အသက်အရွယ်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်)များကို ထိုးနှံပေးလျက်ရှိပါသည်။

Gavi Covax Facility rS vSL'gef;onfh Pfizer Original Strain Comirnaty 30 micrograms / dose နှင့် Omicron  မျိုးကွဲများကိုပါ ကာကွယ်ပေးနိုင်သည့် Pfizer Original/ Omicron BA.4-5 Comirnaty (15/15 micrograms)/dose ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးများကို အသုံးပြု၍ နေပြည်တော်ကောင်စီ နယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် (၁-၁-၂၀၂၄)ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှုကာလ (၆)လပြည့်ပြီးသော ကျန်းမာရေး ဝန်ထမ်းများ၊   အသက် (၅၀) နှစ်အထက် နာတာရှည်ရောဂါ ခံစားနေရသော     ပြည်သူလူထုများ၊ အသက် (၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက် (၆၅) နှစ်နှင့်အထက် ပြည်သူလူထုများ၊ အသက် (၁၈)နှစ်နှင့်အထက် နာတာရှည်ရောဂါရှိသူများ၊ ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပါသည်။

ထိုသို့ ပြည်သူလူထုများမှ    ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုး နှံထားခြင်း၊ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံထားခြင်းတို့ဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ခြင်း၊ ရောဂါဖြစ်ပွားပါက ပြင်းထန်မှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ခြင်း၊ မျိုးကွဲသစ်များ ပေါ်ပေါက်လာသော်လည်း ကာကွယ်ဆေးထိုးနှံထားပါက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ကာကွယ်တားဆီးနိုင်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားသည့် လွှမ်းခြုံမှု (Coverage) ကောင်းမွန်ပါက ပြည်သူလူထုအကြား ရောဂါကာကွယ်နိုင်မှု မြင့်တက်လာပြီး ကိုဗစ်-၁၉ ရောဂါ အစုလိုက် ကပ်ရောဂါအသွင်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။