အစာမကြေခြင်းဝေဒနာသက်သာစေဖို့ ဆောင်ရန်ရှောင်ရန်

အစာမကြေခြင်းဝေဒနာသက်သာစေဖို့ ဆောင်ရန်ရှောင်ရန်

ယနေ့ခေတ်မှာ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာ မှုနဲ့အတူ ဇိမ်ခံပစ္စည်းတွေနဲ့ လူတွေရဲ့နေထိုင်မှုပုံစံ တွေလည်း ပြောင်းလဲလာပြီး ကိုယ်လက်လှုပ်ရှားမှု နည်းလာတာနဲ့အမျှ အစာမကြေတာ၊ အဆီစုတာ၊ အဝလွန်တာတွေ ဖြစ်လာနိုင်ပါတယ်။ အစာမကြေတာကြောင့်  ဗိုက်အောင့်တာ၊  ဗိုက်နာတာ၊  ရင်ပူတာ၊  ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ လေချဉ်တက်တာ စတဲ့ ဝေဒနာတွေခံစားရလို့ အစားအသောက်ကို ဂရုတစိုက် စားပေးဖို့ အရေးကြီးပါတယ်။

အစာမကြေတဲ့ဝေဒနာခံစားရနိုင်တဲ့ အစားအသောက်တွေနဲ့ပတ်သက်ပြီး အောက်ဖော်ပြပါ အချက်တွေ ကို ရှောင်ကြဉ်သင့်ပါတယ်။

အစာစားပြီ ရေအလွန်အကျွံ သောက်တာ ရှောင်ကြဉ်သင့်ပါတယ်။ အသားအမျိုးမျိုး၊ ငါး၊ ပရိုတင်း ဓာတ်ကြွယ်ဝတဲ့အစားအစာတွေက တချို့လူတွေအတွက် အစာကြေဖို့ ခက်ခဲတတ်ပါတယ်။ အစား အစာတွေချေဖျက်ဖို့အတွက် အစာအိမ်မှာ အက်စစ်၊ အစာခြေရည်တွေ  လုံလောက်စွာရှိနေဖို့  လိုအပ်ပါ တယ်။  အသား၊  ငါးတွေစားပြီး  ရေအလွန်အကျွံ သောက်တဲ့အလေ့အထကြောင့် အစာအိမ်မှာ အက်စစ် နဲ့ရေရောပြီး အစာမကြေဝေဒနာ ခံစားရနိုင်ပါတယ်။ အသားစားတာကို ကြိုက်နှစ်သက်ရင် ရေလျှော့ သောက်ဖို့ လိုအပ်ပါတယ်။

အဆာပြေမုန့်၊ သရေစာတွေ အလွန်အကျွံစားတာ ရှောင်ကြဉ်သင့်ပါတယ်။ အစာချေဖျက်ရာမှာ အစား အစာအမျိုးအမည်နဲ့ စားလိုက်တဲ့အစာပမာဏ အနည်း အများပေါ်မူတည်ပြီး အစာအိမ်ကနေ အူလမ်း

ကြောင်းအတွင်းရောက်ရှိဖို့ အချိန်ကြာမြင့်နိုင်ပါတယ်။ ဒါကြောင့် အစာစားချိန်တစ်ခုနဲ့တစ်ခုကြားမှာ အဆာပြေမုန့်နဲ့ သရေစာတွေ အလွန်အကျွံစားတာက အစာခြေစနစ်ကို ပိုမိုဝန်ပိစေပြီး အစာမကြေတာ မျိုးဖြစ်စေနိုင်ပါတယ်။ အာလူးချောင်းကြော်၊ ကွတ်ကီး၊ ဘီစကွတ်၊ ဝေဖာ စတဲ့ အစားအစာတွေအစား ဒိန်ချဉ်၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို အဆာပြေအနေနဲ့ စားသုံးဖို့လိုအပ်ပါတယ်။

အစာအမြန်စားတာကို ရှောင်ကြဉ်သင့်ပါတယ်။ ဒီဘက်ခေတ်မှာ ထမင်းစားပွဲမှာ အချိန်ပေးစားသောက် တာ နည်းပါးလာပြီး ကွန်ပျူတာနဲ့ တီဗွီရှေ့ထိုင်ပြီး ခပ်မြန်မြန်စားသောက်လာကြပါတယ်။ အဲဒီအလေ့ အကျင့်တွေကြောင့် ဝမ်းဗိုက်မအီမသာဖြစ်တာ၊ လေပွတာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ စတဲ့လက္ခဏာ တွေ ခံစားရလို့ အစာစားချိန်ကို အချိန်တစ်ခုသတ်မှတ်ပြီး အစာစားတဲ့အခါမှာလည်း ဖြည်းညင်းစွာ စားဖို့လိုအပ် ပါတယ်။

အစာစားနေစဉ် စကားမပြောသင့်ပါဘူး။ ရံဖန်ရံခါ အလုပ်ကိစ္စမအားလပ်လို့ အစာကို ခပ်မြန်မြန် စားလိုက်မိရင် အစာမကြေဘဲ ရင်ပြည့်ရင်ကယ်ဖြစ် တတ်ပါတယ်။ ဒါကြောင့် အစာစားတဲ့အခါ အလုပ် ကိစ္စတွေကို ခဏဘေးဖယ်ထားပြီး အစာကိုသာ အာရုံ စိုက်စားသင့်ပါတယ်။ အစားတစ်လုတ်ကို ပျမ်းမျှ ၁၂ ကြိမ်ကနေ အကြိမ် ၂၀ ဝါးပေးရင် အစာစားတာလည်း လျော့နည်းစေပြီး အစာခြေစနစ်ကိုလည်း ပိုကောင်း စေပါတယ်။

သကြားနဲ့ကစီဓာတ် အလွန်အကျွံမစားသင့်ပါဘူး။ ချိုချဉ်၊ ချောကလက်၊ အချိုရည် စတဲ့သကြား ဓာတ်များတဲ့ အစားအစာတွေနဲ့ အသင့်စားအစားအစာတွေဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆင်းဒဝှစ်၊ ပီဇာ၊ ဒိုးနပ်၊ အာလူးချောင်းကြော် စတဲ့အစားအစာတွေ အလွန်အကျွံစားရင် အစာအိမ်မှာ ဗက်တီးရီးယားတွေ ပေါက်ပွားတာဖြစ် နိုင်ပါတယ်။ စားလိုက်တဲ့အစားအစာတွေကို အူအတွင်း မှာရှိတဲ့  ဗက်တီးရီးယား တွေက  အချဉ်ဖောက်တာကြောင့် လေပွပြီး အစာမကြေဝေဒနာခံစားရတတ်လို့ အချိုနဲ့ကစီဓာတ်များတဲ့ အစားအစာတွေ လျှော့ပြီးစား သုံးသင့်ပါတယ်။

အစားအသောက်မျိုးစုံကို    တွဲဖက်စားသုံးတာ ရှောင်ကြဉ်သင့်ပါတယ်။ လတ်လတ်ဆတ်ဆတ်မဟုတ်တဲ့ အသားတွေ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ အသားဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ၊  ချောကလက်တွေ စားရင် အစာကြေဖို့ခက်ခဲလေ့ရှိတာကြောင့် တစ်ပြိုင်တည်း တွဲဖက်စားသုံးဖို့ မသင့်ပါဘူး။ ဒါ့ပြင် လက်ဖက်ရည်၊ ကော်ဖီ၊ ငရုတ်သီးနဲ့ တခြားပူစပ်တဲ့ အစားအစာတွေ၊ ခရမ်းချဉ်သီး၊ ရှောက်သီး၊ သံပရာ သီးတွေကိုလည်း အလွန်အကျွံစားသုံးတာ ရှောင်ကြဉ်သင့်ပါတယ်။

ညဉ့်နက်မှ အစာစားတာရှောင်ကြဉ်သင့်ပါတယ်။ အစာခြေစနစ်က သူ့ရဲ့လုပ်ငန်းဆောင်တာတွေကို နေ့ဘက်မှာသာ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်လေ့ရှိပြီး ညဘက်မှာ အစာခြေလုပ်ငန်းတွေ နှောင့်နှေး လေ့ရှိပါတယ်။ ညဉ့်နက်မှအစာစားပြီး ချက်ချင်းအိပ်ရာ ဝင်တတ်တဲ့အလေ့အထကြောင့် အစာမကြေ ဝေဒနာ ပိုမိုဆိုးရွားစွာ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ညစာကို တတ်နိုင်သမျှ စောစောစားဖို့၊ အိပ်ချိန်နဲ့ အနည်းဆုံး လေးနာရီခြားစားသုံးဖို့ လိုအပ်ပါတယ်။

အရက်၊ ဘီယာသောက်တာ ရှောင်ကြဉ်သင့်ပါတယ်။ အရက်၊ ဘီယာ၊ ဝိုင်၊ ကော့တေး စတဲ့အဖျော် ယမကာတွေကို   အလွန်အကျွံသောက်တာကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ အစာခြေစနစ်ကို ဒုက္ခပေးနိုင်ပြီး အစာအိမ်အချဉ်ပေါက်တာ၊ ဗိုက်အောင့်၊ ဗိုက်နာတာ တွေ ခံစားရတတ်ပါတယ်။ အဲဒီအခြေအနေမျိုးမှာ သစ်သီးများများစားပေးခြင်း၊ ကိုက်လန်၊ ဟင်းနုနယ်၊ ဘရိုကိုလီစတဲ့ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက် တွေနဲ့ တရုတ်နံနံအနည်းငယ်ကို စွပ်ပြုတ်ထဲထည့် သောက်ပေးတာက အရက်သောက်ပြီး  ဖြစ်လေ့ ဖြစ်ထရှိတဲ့   အစာမကြေဝေဒနာတွေကို  သက်သာစေပါတယ်။

အစာမကြေရင် ရင်ဘတ်အောက်နား ဝမ်းဗိုက် အပေါ်ပိုင်းမှာ မီးစနဲ့ထိုးသလို ပူလောင်တဲ့ခံစားချက် မျိုးကို  ခံစားရပါတယ်။  အစာမကြေတာက  တစ်ခါ တလေမှာ အစာတွေပြန်ဆန်တက်တာ၊ အစာအိမ် အူအနာ  ဒါမှမဟုတ်  သည်းခြေကျောက်တည်တဲ့ ရောဂါ စတဲ့ရောဂါတချို့ရဲ့လက္ခဏာတွေလည်း ဖြစ်နေ တတ်ပါတယ်။ ရင်ပူတာနဲ့မရောသင့်ပါဘူး။ ရင်ပူတာ၊ လေပျို့ပြီး လေပွတာဖြစ်တတ်ပါတယ်။  ဆိုးရွားတဲ့ အစာမကြေတာက အစာခြေစနစ်နဲ့ ပတ်သက်ပြီး အစာမျိုပြွန်အမာရွတ်ကျန်ခြင်းလို ဒဏ်ရာကျန်သွား စေနိုင်ပါတယ်။   အစာမကြေတာက   အချိန်မရွေး ဖြစ်နိုင်ခြေများပြီး   အရက်အလွန်အကျွံသောက်ခြင်း၊ အကိုက်အခဲ ပျောက်ဆေးအလွန်အကျွံသောက်ခြင်း၊ အစာခြေအင်္ဂါတွေမှာ အနာပေါက်ခြင်းလို ပြဿနာ ဖြစ်စေနိုင်တဲ့အခြေအနေ၊ စိတ်ပူပန်ခြင်း၊ စိတ်ဓာတ် ကျခြင်းတို့ကြောင့် အစာမကြေတဲ့ဝေဒနာဆိုးရွားပြီး  အိပ်ရေးပျက်တဲ့ညတွေ များလာတတ်ပါတယ်။

အစာမကြေတာက စိတ်ဖိစီးမှုကြောင့်လည်း ဖြစ် နိုင်ပါတယ်။ လေချဉ်တက်တာ၊ လေပွတာ၊ ပျို့အန်တာ တွေ ဖြစ်စေနိုင်ပါတယ်။ အစာမကြေတာရေရှည်ဖြစ်ပြီး အသက် ၅၅ နှစ်အထက်ရှိသူတွေမှာ ကိုယ်အလေး ချိန်ကျလာရင်၊ အစာမျိုရခက်ရင်၊ မကြာခဏအန်ရင်၊ ဝမ်းဗိုက်အတွင်း အလုံးအကျိတ် စမ်းမိရင်၊ သွေးစတွေအန်ရင် ဒါမှမဟုတ် သွေးဝမ်းသွားရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

အစာမကြေမဖြစ်ရလေအောင် အသင့်အမြန် စားအစားအစာတွေဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆင်းဒဝှစ်၊ ပီဇာ၊  အာလူးချောင်းကြော်စားတာတွေ ရှောင်ကြဉ် သင့်ပါတယ်။ နေ့စဉ် နာရီဝက်ခန့် အပြေး၊  လမ်း လျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးပြုလုပ်သင့်ပါ တယ်။ ရေဆာရင် ရေပဲသောက်သင့်ပါတယ်။ အရက်၊ ဘီယာ မသောက်သင့်ပါဘူး။ အရက်၊ ဘီယာက ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ရေဓာတ်ကို ခဏအတွင်းမှာ ညစ် နွမ်းစေလို့ ရေများများသောက်ဖို့ လိုပါကြောင်း အကြံပြု ရေးသားလိုက်ရပါတယ်။      ။

ဒေါက်တာလွင်သန့်