ကသာမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ

 

ကသာမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ကသာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ   ကြီးမှူးဖွင့်လှစ်သည့်   တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး)   ထုတ်လုပ်မှုနည်း ပညာသင်တန်းဆင်းပွဲ   အခမ်းအနားကို ကသာမြို့ရှိ ကသာခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရုံး၌ ဖေဖော်ဝါရီ လ ၂၅ ရက်တွင် ကျင်းပသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ကသာခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းဆွေက  သင်တန်းမှရရှိသော နည်းပညာများဖြင့် မိမိ၏ကုန်ပစ္စည်းများကို ကောင်း မွန်သောထုပ်ပိုးမှုစနစ်ဖြင့်  ဈေးကွက်ထဲတွင် အောင်မြင်အောင် ကိုယ်တိုင်ထုတ်လုပ်ဆောင်ရွက်နိုင်ရေး   ကြိုးပမ်းကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ သင်တန်းဆင်းလက်မှတ်များနှင့် လက်ဆောင်ပစ္စည်းများကို ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန   လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်စော ကလျာတို့က ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား     သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့သည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများ ပြုလုပ်ထားသော ကိတ်မုန့်အမျိုးမျိုးနှင့် ယိုအမျိုးမျိုးတို့ကို တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း၊ အဆိုပါသင် တန်းကို ဖေဖော်ဝါရီလ ၂၁ ရက်မှ  ၂၅ ရက်အထိ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကျော်စွာထွန်း(ကသာ)