အိမ်မဲမြို့တည်သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရား၏ ဖောင်တော်ဆိပ်ရင်ပြင်၌ တရားပွဲကျင်းပ

 

အိမ်မဲမြို့တည်သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရား၏ ဖောင်တော်ဆိပ်ရင်ပြင်၌ တရားပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ချောင်းဝရပ်ကွက် (၁) လမ်းရှိ အိမ်မဲမြို့တည်သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရား၏ ဖောင်တော်ဆိပ်ရင်ပြင်တွင်  ကျုံမငေး- ရန်ကုန် စက်ရုံဓမ္မရိပ်သာများ၏  ဦးစီးပဓာန မဟာနာယက  အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမနဆရာတော်ကြီး၏ တရားပွဲကို ဖေဖော်ဝါရီလ  ၂၅ ရက်တွင်  ကျင်းပသည်။

ရှေးဦးစွာ တရားပွဲတွင်ဆရာတော်ကြီးက နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်သည်။

ဆက်လက်၍   ဆရာတော်ကြီးက အကုသိုလ်မှန်သမျှမပြုရ  ဘုရားတိုင်းဆုံးမသြဝါဒ၊ ကုသိုလ်မှန်သမျှ ပြုလုပ်ရဘုရားတိုင်း ဆုံးမသြဝါဒ၊  စိတ်ဓာတ်မှန်သမျှဖြူစင်ရဘုရားတိုင်း ဆုံးမသြဝါဒ၊ ကိလေသာ ကံ ရုပ် နာမ် ဒုက္ခ စသည့် တရားတို့ကို ဟောကြားသည်။

ဖေဖော်ဝါရီလ ၂၅ ရက်ညတွင်လည်း ရွှေဥက္ကလာဆရာတော် ဒေါက်တာဘဒ္ဒန္တစိန္ဒာမယ၏ တရားပွဲကို ကျင်းပမည်ဖြစ်ပြီး ရှင်ပင်ချမ်းသာ  ရုပ်ရှင်တော်မြတ်ကြီး၏ ဖောင်တော်ဆိပ်ရင်ပြင်တွင်  တရားအလှူတော် ကျင်းပခဲ့သည်မှာ   ဒုတိယအကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)