တရားမဝင်ဆေးဝါးများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

 

တရားမဝင်ဆေးဝါးများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၅

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၂ ရက်တွင်  အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့်    တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင်   မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၃)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင်   ကြေညာထားသည်နှင့်ကွဲလွဲစွာ ပါရှိလာသည့်  RIALTO Porcelain Tile  (၃၇၇၁ ဒသမ ၃၆) စတုရန်းမီတာ   (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၅၉၉၂၈၀)ကိုလည်းကောင်း၊   အေးရှားဝေါလ်ကုန် သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ  သွင်းကုန်ကြေညာလွှာတွင် ကြေညာ ထားသည်ထက် ပိုမိုပါရှိလာသည့် Plastic Packing Foil Printed For Soft Drink  ကီလိုဂရမ် (၃၅၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ်   ၃၉၈၃၇၀၀၀)ကိုလည်းကောင်း၊   စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၉၄၃၆၂၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်   ဖေဖော်ဝါရီလ၂၂ ရက်တွင်   မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်- မန္တလေးလမ်းကြောင်း၊ ကျောက်ဆည်မြို့ရှောင် လမ်းအနီး၌ မော်တော်ယာဉ် (၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထွက် ကြက်သွန်ဖြူ ကီလိုဂရမ် (၂၇၅၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၀၀၀၀၀၀)နှင့် အဆိုပါ ကြက်သွန်ဖြူများတင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီးနှင့် Hino Profia Truck  (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀၀)ကိုလည်းကောင်း၊ မန္တလေးမြို့အဝင်၊ မြစ်ငယ်တိုးဂိတ်၌ မော်တော်ယာဉ် (၂)စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် Fashion  ပါဆယ်အိတ် ကီလိုဂရမ် (၉၉၆၀)၊ Polyester Cotton Fabric (၆၅၃)ကီလိုဂရမ်အပါအဝင်    ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၃၀၆၈၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်   Hino Truck (၁)စီးနှင့်   Isuzu Giga Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၅၃၀၆၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ     အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၃ ရက်တွင်    ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက     စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောင်မင်္ဂလာ အဝေးပြေးကားဝင်း၊ ရွှေတောင်ရိုးကားဂိတ်နှင့် ကားဝင်းအတွင်း ဝင်ရောက်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ   တရားဝင်စာရွက်စာတမ်း   အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့်    Sir Edward's ဝီစကီ (၄၀၈)ပုလင်း၊ Ostonil Tablets အရိုးအကြောဆေးဘူး ဘူး (၁၅၀) ၊ Napoli  စီးကရက်တောင့် (၅၀၀)၊  Lactosoy  ပဲနို့ဘူး (၁၄၀၄၀) အပါအဝင် ကုန်ပစ္စည်း(၉)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၂၁၅၂၈၀၀)နှင့်   အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့့် Yutong Bus (၁)စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၀၀၀၀၀)ကိုလည်းကောင်း၊   ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်ရှိ ဂိုဒေါင်၌  တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့်    Maximus Beer (၁၈၉၆)ဘူးအပါအဝင်  ကုန်ပစ္စည်း(၆)မျိုး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၉၅၀၀၀၀)ကို လည်းကောင်း၊  စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၁၁၀၂၈၀၀)ကိုဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဖေဖော်ဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၅၈၄၅၈၈၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ  သိရသည်။