ဟူသီသူပုန်တို့က အမေရိကန်ရေနံတင်သင်္ဘောကို တိုက်ခိုက်မှုများလုပ်ဆောင်

 

ဟူသီသူပုန်တို့က အမေရိကန်ရေနံတင်သင်္ဘောကို တိုက်ခိုက်မှုများလုပ်ဆောင်

 ဟူသီသူပုန်များက ဧဒင်ပင်လယ်ကွေ့အတွင်းမှ ဖြတ်သန်းသွားလာနေသော အမေရိကန်တို့၏ ရေနံတင်သင်္ဘောကို တိုက်ခိုက်မှုများ လုပ်ဆောင်ကြောင်း သိရသည်။

ယီမင်တပ်မတော်ရဲ့ရေတပ်က စစ်ဆင်ရေးဆောင်ရွက်ရာမှာ ဧဒင်ပင်လယ်ကွေ့အတွင်းသွားလာနေတဲ့ အမေရိကန်တို့ရဲ့ Tom Thor အမည်ရှိသင်္ဘောကို သင်္ဘောဖျက်ဒုံးကျည် အမြောက်အမြားနဲ့ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်ဟု ဟူသီအဖွဲ့မှ စစ်ရေးဆိုင်ရာပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီယာက လူမှုကွန်ရက်တွင် တင်ထားသည်။

ထို့ပြင် ဟူသီသူပုန်များသည် ပင်လယ်နီအတွင်း သွားလာနေသည့် အမေရိကန်စစ်ရေယာဉ်များကိုလည်း ဒရုန်းဖြင့် တိုက်ခိုက်မှုလုပ်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

ဟူသီသူပုန်များသည်  ယီမင်နိုင်ငံမြောက်ပိုင်းနှင့်   အနောက်ပိုင်းဒေသတော်တော်များများကို သိမ်းပိုက်ထားသည့် အဖွဲ့ဖြစ်သည်။

၎င်းတို့က   အစ္စရေးတို့၏  ဂါဇာကမ်းမြောင်ဒေသအပေါ် တိုက်ခိုက်မှုများ မရပ်မချင်း ပင်လယ်နီအတွင်းရှိ အစ္စရေးနှင့် ဆက်နွှယ်သော ကုန်တင်သင်္ဘောများကို တိုက်ခိုက်သွားမည်ဟု ကတိပြုထားသည်။

ထို့ကြောင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပင်လယ်နီဒေသအတွင်း ကုန်တင်သင်္ဘောများ၏  ဘေးကင်းလုံခြုံရေးကို ကာကွယ်ပေးနိုင်မည့် နိုင်ငံပေါင်းစုံတပ်ပေါင်းစုကိုဖွဲ့စည်းသွားရန် အဆိုပြုခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် အမေရိကန်နှင့်ဗြိတိန်တို့က ပူးပေါင်းကာ  ဟူသီသူပုန်များ၏ ပစ်မှတ်များကို တိုက်ခိုက်မှုများ လုပ်ဆောင်လာကြောင်း သိရသည်။

Ref: Sputnik