အစ္စရေး-ဟားမတ်ဆွေးနွေးပွဲများကို ကာတာနှင့်အီဂျစ်တို့က လက်ခံကျင်းပပေးမည်

 

အစ္စရေး-ဟားမတ်ဆွေးနွေးပွဲများကို ကာတာနှင့်အီဂျစ်တို့က လက်ခံကျင်းပပေးမည်

အစ္စရေးနှင့်ဟားမတ်တို့ကြား ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများ ချုပ်ငြိမ်းစေရေးအတွက်လုပ်ဆောင်မည့် ဆွေးနွေးပွဲများကို  ကာတာနှင့်အီဂျစ်နိုင်ငံတို့က လက်ခံကျင်းပပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲများတွင်  အီဂျစ်၊ ကာတာ၊ အမေရိကန်နှင့် အစ္စရေးတို့မှ ကျွမ်းကျင်ပညာရှင်များအပြင် ဟားမတ် အဖွဲ့မှကိုယ်စားလှယ်အဖွဲ့လည်း  ပါဝင်သွားမည်ဖြစ်ကြောင်း  အီဂျစ်သတင်းဌာနတစ်ခုက ဖော်ပြထားသည်။

ထိုဆွေးနွေးပွဲများသည်  ပဲရစ်မြို့၌ လုပ်ဆောင်ခဲ့သော ဆွေးနွေးပွဲမှရလဒ်ကို အခြေခံ၍ ဆက်လက် လုပ်ဆောင်သည့် ဆွေးနွေးပွဲများဖြစ်လာမည်ဖြစ်သည်။

ထို့ပြင်   အီဂျစ်နှင့်ကာတာတို့တွင် လုပ်မည့်ဆွေးနွေးပွဲများ၌ ဂါဇာဒေသအတွင်း အပစ်အခတ်ရပ်စဲရေး ရရှိစေရန်သာမက အဖမ်းခံထားရသည့်  ဓားစာခံများနှင့် အကျဉ်းသားများ အပြန်အလှန် လဲလှယ်ရေးအတွက် သဘောတူညီချက် ရရှိသည်အထိ ဦးတည်သွားမည်ဖြစ်သည်ဟု သတင်းဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ဟားမတ်တို့က အစ္စရေးနယ်စပ်တွင် ရုတ်တရက်  တိုက်ခိုက်မှုများ လုပ်ဆောင်သည့် ၂၀၂၃ ခုနှစ်  အောက်တိုဘာလ ၇ ရက် နောက်ပိုင်းမှစ၍ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသ၌  တိုက်ခိုက်မှုများကို အဆက်မပြတ်  လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။       

Ref: Xinhua