ဂျာမနီအစိုးရက ယူကရိန်းဒုက္ခသည်များကို လွန်လွန်ကျူးကျူးထောက်ပံ့ပေးနေ

 

ဂျာမနီအစိုးရက ယူကရိန်းဒုက္ခသည်များကို လွန်လွန်ကျူးကျူးထောက်ပံ့ပေးနေ

ဂျာမနီအစိုးရသည် ယူကရိန်းဒုက္ခသည်များကို လွန်လွန်ကျူးကျူးထောက်ပံ့မှုများပေးနေကြောင်း  ဂျာမနီနိုင်ငံသား  ၄၉ ရာခိုင်နှုန်းကပြောထားသည်ဟု စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

စစ်တမ်းတွင်ပါဝင်သူများအနက်  ၃၅ ရာခိုင်နှုန်းကမူ   ဒုက္ခသည်များအတွက် အစိုးရ၏ထောက်ပံ့မှုသည်  လုံလောက်မှု ရှိသည်ဟုယုံကြည်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်ဟု  Bild သတင်းစာက ထုတ်ပြန်ထားသည်။

ထို့ပြင်  ယူကရိန်းဒုက္ခသည်များကို ဂျာမနီလူမှုအသိုင်းအဝိုင်းနှင့်ပေါင်းစည်းမှုသည် အောင်မြင်မှုရှိမည် မဟုတ်ကြောင်း ဂျာမနီနိုင်ငံသား ၅၁ ရာခိုင်နှုန်းက ယုံကြည်ထားသည်။

တစ်ချိန်တည်းမှာပင် ယူကရိန်းစစ်မီးသည် NATO အဖွဲ့ဝင်နိုင်ငံများအထိ ကူးစက်ပျံ့နှံ့လာမည်ကို ဂျာမနီပြည်သူ ၆၁ ရာခိုင်နှုန်းကစိုးရိမ်နေသည်။

အဆိုပါ  စစ်တမ်းကောက်ယူမှုကို ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၄ ရက်အတွင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး   စစ်တမ်းတွင် ဂျာမနီနိုင်ငံသား  ၁၀၀၄ ဦး ပါဝင်ကြောင်း သိရသည်။

Ref: Sputnik