ကန်ကြီးထောင့်မြို့နယ်၌ မိုးစပါးလျာထားဧက ၁၄၃၉၈၈ ဧက ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီး

ကန်ကြီးထောင့်မြို့နယ်၌ မိုးစပါးလျာထားဧက ၁၄၃၉၈၈  ဧက ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီး

ကန်ကြီးထောင့် ဖေဖော်ဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော မိုးစပါးလျာထားဧက ၁၄၃၉၈၈ ဧက ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပုသိမ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးဝင်းစိုး၏ ပြောပြချက်အရ သိရသည်။ 

ကန်ကြီးထောင့်မြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီက မိုးစပါး ၁၄၃၉၈၈ ဧက လျာထားစိုက်ပျိုးခဲ့ပြီး   အဆိုပါ စပါးခင်းများကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ဒုတိယပတ်က စတင်ရိတ်သိမ်းခဲ့ရာ ယခုအခါ ဧကအားလုံး  ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီး ပြီဖြစ်ကြောင်းနှင့် စပါးတစ်ဧကလျှင် ၈၇  ဒသမ  ၄၆  တင်းနှုန်း  ထွက်ရှိခဲ့ကြောင်း သိရသည်။

“မိုးသီးနှံစိုက်ပျိုးရာသီမှာ ကန်ကြီးထောင့်မြို့နယ် တစ်မြို့နယ်လုံးအနေနဲ့ မိုးစပါး ၁၄၃၉၈၈ ဧကအထိ  လျာထားစိုက်ပျိုးခဲ့ပါတယ်။ မိုးစပါးတွေကို ပြန်လည်ရိတ် သိမ်းရာမှာ အခုဆိုရင် စပါးလျာထားဧက အားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။ မိုးစပါးစိုက်ပျိုးရာသီမှာ စိုက်ပျိုးရေးဦးစီးဌာနနဲ့      ဆက်စပ်ဌာနတွေ ပူးပေါင်းပြီး လိုအပ်တာတွေဆောင်ရွက် ပေးခဲ့ပါတယ်။ လက်ရှိ ရိတ်သိမ်းတဲ့စပါး တွေအားလုံး အထွက်နှုန်းကောင်းပြီး အရည်အသွေးလည်းကောင်းတာ တွေ့ရပါတယ်” ဟု ဦးဝင်းစိုးက ပြောသည်။

အဆိုပါ ရိတ်သိမ်းပြီးစီးသည့် မိုးစပါးများ ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါ ကျရောက်မှု မရှိစေရေး၊ ရွှေခရုအန္တရာယ် ကာကွယ်ရေး၊ အထွက်နှုန်းကောင်းမွန်စေရေး၊ ထွက်ရှိလာသည့် စပါးများ  အရည် အသွေးကောင်းမွန်စေရေး စသည့် တောင်သူအသိပညာပေးလုပ်ငန်းများကို စိုက်ပျိုးရေး ဦးစီးဌာနနှင့်ဆက်စပ်ဌာနများ   ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သုတကျော်