နေပြည်တော် ဇမ္ဗူသီရိမြို့နယ် လူပျိုဆောင်၊ အပျိုဆောင်များတွင် မီးဘေးကြိုတင် ကာကွယ်ရေး ဟောပြောသရုပ်ပြသခြင်း ဆောင်ရွက်

 

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် လူပျိုဆောင်၊ အပျိုဆောင်များတွင် မီးဘေးကြိုတင် ကာကွယ်ရေး ဟောပြောသရုပ်ပြသခြင်း ဆောင်ရွက်

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၅

    ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဝန်ကြီးဌာန အသီးသီးတို့မှ လူပျိုဆောင်၊ အပျိုဆောင်များအား မီးဘေးလုံခြုံရေး စစ်ဆေးပေးခြင်း၊  မီးဘေးကြိုတင် ကာကွယ်ရေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသခြင်းတို့ကို ယနေ့ နံနက် ၈ နာရီတွင် ကျင်းပသည်။ 

မိုးမှာလေ့ကျင့်၊ ဆောင်းမှာစစ်ဆေး သတိပေး၊ နွေမှာအသင့်ရှိရေး ဟူသော ဆောင်ပုဒ်အတိုင်း ပူပြင်းခြောက်သွေ့သော ရာသီဥတု ရောက်ရှိလာပြီဖြစ်သဖြင့် ဝန်ကြီးဌာနအသီးသီးတို့မှ လူပျိုဆောင်၊ အပျိုဆောင် ၁၇၇ ဆောင်တို့တွင်   နေပြည်တော် မီးသတ်ဦးစီးမှူးရုံး၊    ခရိုင်နှင့်မြို့နယ် မီးသတ်စခန်းများရှိ တပ်ဖွဲ့ဝင်များမှ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများကို ဦးစီးအရာရှိများ ဦးဆောင်၍ စစ်ဆေးရေးအဖွဲ့ ၁၄ ဖွဲ့ဖြင့် ဆောင်ရွက်ခဲ့သည်။

တစ်ဆက်တည်းမှာပင် သပြေ(၄)လူပျိုဆောင်နှင့် သဇင်(၃)အပျိုဆောင်တို့တွင်  Kitchen Fire? Gas Fire  နှင့် ဆီမီးလောင်မှုဖြစ်ပွားပါက စနစ်တကျ မီးငြှိမ်းသတ်ရေးအတွက် မီးဘေးလုံခြုံရေး ဟောပြောခြင်း၊ မီးသတ်ဆေးဘူး အသုံးပြုခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ရာ ဝန်ထမ်းများကိုယ်တိုင် လက်တွေ့ပါဝင် ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ခြင်းများကို မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့် အရာရှိများက လိုက်လံကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။