အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ တပ်မတော်သား မိသားစုဝင် မွေးကင်းစမှ ၅ နှစ်ထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

 

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ တပ်မတော်သား မိသားစုဝင် မွေးကင်းစမှ ၅ နှစ်ထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၂၆

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ တပ်မတော် သားမိသားစုဝင်  မွေးကင်းစ မှ ၅ နှစ်ထိ ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး/ တိုက်ကျွေးခြင်းနှင့် ဗီတာမင်(A) တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာန ချုပ်ရှိ အားကစားခန်းမ၌ ပြုလုပ်ရာ နယ်မြေခံတပ်မတော်ဆေးတပ်ရင်းမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက မန္တလေးတပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များမှ ကလေးငယ် ၃၁၆ ဦးတို့ကို ဝက်သက်၊ ဂျိုက်သိုး၊ (BCG)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်း ရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ် ရောင်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးနှင့် ဗီတာမင်(A)များ ထိုးနှံတိုက်ကျွေးခြင်း များ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်နှင့် မန္တလေးတပ်နယ်တို့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ကလေးငယ်များအတွက် အမှတ် တရလက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။