မော်လမြိုင်မြို့တွင် လူငယ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးငွေညှစ် နေကြောင်း နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် စစ်မှုထမ်းရန် စာရင်းကောက်နေကြောင်း ကောလာ ဟလသတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေလျက်ရှိ

 

မော်လမြိုင်မြို့တွင် လူငယ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးငွေညှစ် နေကြောင်း နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် စစ်မှုထမ်းရန် စာရင်းကောက်နေကြောင်း ကောလာ ဟလသတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်သည့်နေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ ၂၄ ရက်နေ့ထိ လူငယ်အမျိုးသား ၅၀ ဦး ထက်မနည်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးငွေညှစ်နေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က အများပြည်သူ စိုးရိမ်ထိတ်လန့်စေရန်အတွက် လူမှုကွန်ရက်ပေါ်တွင် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မော်လမြိုင်မြို့မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ မော်လမြိုင်မြို့တွင် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် လှည့်ကင်းပတ်ကင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဆောင်ရွက်လျက်ရှိပြီး လူငယ်များကို ဖမ်းဆီးငွေညှစ်ခြင်းများမရှိကြောင်း၊ မိဘ ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန်အတွက် လုပ်ကြံရေးသားခြင်းသာဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်၊ ရပ်ကွက်များတွင်လည်း အသက် ၁၈ နှစ်နှင့် ၃၅ နှစ် အမျိုးသားများ စာရင်းကောက်ယူနေကြောင်း မှန်ကန်မှုမရှိသည့် သတင်း အမှားများကို လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိပါသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းမှုကို မလိုလား သူအဖျက်သမားများက မိဘပြည်သူများနှင့် လူငယ်လူရွယ်များကို စိုးရိမ်ထိတ်လန့်စေရန် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက စစ်မှုထမ်းရန် ပေါ်တာဆွဲခြင်း၊ လမ်းသွားလမ်းလာများကို ဖမ်းဆီးခြင်းစသည့် ကောလာဟလ သတင်း အမှားများဖြင့် နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုမရှိစေရန်အတွက် ဝါဒဖြန့် လှုံ့ဆော် နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။