၂၀၀၀၀ ကျပ်တန် ငွေကျပ်နှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများတွင် ကောလာဟလသတင်းများ ထုတ်လွှင့်နေမှု၊ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများမှ ကလေးမြို့ တက္ကသိုလ်အား ဝင်ရောက်၍ ဆရာ၊ ဆရာမများ၊ ရုံးဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအား အကြမ်းဖက်ဖမ်းဆီးခဲ့သည့

 

၂၀၀၀၀ ကျပ်တန် ငွေကျပ်နှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများတွင် ကောလာဟလသတင်းများ ထုတ်လွှင့်နေမှု၊ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများမှ ကလေးမြို့ တက္ကသိုလ်အား ဝင်ရောက်၍ ဆရာ၊ ဆရာမများ၊ ရုံးဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအား အကြမ်းဖက်ဖမ်းဆီးခဲ့သည့် အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

 

ဒီနေ့မှာတော့ ယခင်တစ်ပတ်ထဲကအတိုင်း  လူမှုကွန်ယက်စာမျက်နှာတွေ၊ အင်တာနက်ဝက်ဆိုဒ်တွေပေါ်မှာ ငွေကျပ် ၂၀၀၀၀ တန် ငွေစက္ကူတွေ ထွက်ရှိမယ် ဆိုပြီးတော့ မဟုတ်မမှန်သတင်းတု သတင်းအမှားတွေ ဆက်တိုက်ထုတ်လွှင့်နေခဲ့ တာရှိပါတယ်။

ကျွန်တော်တို့အနေနဲ ယခင်ကလည်း မိဘ ပြည်သူများသိအောင် ရှင်းလင်းတင်ပြပြီးဖြစ်ပါတယ်။  ဒီ ၂၀၀၀၀ တန်ငွေစက္ကူကို ၂၀၂၃ ခုနှစ် ဇူလိုင်လထဲမှာ အထိမ်းအမှတ်နဲ့ ထုတ်ခဲ့တာဖြစ်ပါတယ်။  အဲဒီတုန်းကလည်း ကျွန်တော့်အနေနဲ့အထိမ်းအမှတ်နဲ့ ထုတ်တဲ့ငွေစက္ကူသာ ဖြစ်တယ်။ အများပြည်သူတွေ အထိမ်းအမှတ်နဲ့ သိမ်းဆည်းနိုင်အောင်လို့ ဟောင်းနွမ်းငွေစက္ကူတွေနဲ့ပဲ အကန့်အသတ်နဲ့ လဲလှယ်ပေးမှာဖြစ်တဲ့အကြောင်း ကျွန်တော်တို့ထုတ်ပြန်ပြီးဖြစ်ပါတယ်။ သို့သော် ဒီအချိန်မှာ ကောလာဟလ သတင်းတွေများပြားနေတဲ့အချိန်မှာ အချိန်ကိုက် ဒါကို ငွေရေးကြေးရေးဈေးကွက် မတည်မငြိမ်ဖြစ်အောင် ဘဏ်တွေနဲ့ကိစ္စတွေ မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်ပြီး ထုတ်လွှင့်တာပဲဖြစ်ပါတယ်။ ဒီသတင်းသည် မဟုတ်မမှန်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလည်း သတင်းထုတ်ပြန်ချက်ထပ်မံ  ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့်နိုင်ငံခြား သုံးငွေနဲ့ပတ်သက်ပြီးလည်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲရေး စည်းမျဉ်းများ ရှိပြီးဖြစ်ပါတယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ငွေရေး ကြေးရေး ဈေးကွက်ကစားလိုမှု ကျွန်တော်ယခင်ပြောခဲ့သလို ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ မတည်မငြိမ်ဖြစ်အောင် ကောလာဟလထုတ်လွှင့်နေမှုများကို သတိထားသင့်ကြောင်း အသိပေးတင်ပြလိုပါတယ်။

နောက်တစ်ခုက ဒီနေ့မနက် ၇ နာရီခွဲလောက်မှာ PDF အမည်ခံ အကြမ်းဖက် အင်အား ၁၀၀ ကျော်လောက်က ကလေးတက္ကသိုလ်ထဲကို ဝင်ရောက်ပြီး စာသင်ဆောင်တွေမှာရှိတဲ့ ဆရာ/ဆရာ မတွေ ကျောင်းသား/ကျောင်းသူတွေ ရုံးဝန်ထမ်းတွေကို ဖမ်းဆီးထားတယ်ဆိုပြီး တာဝန်သိပြည်သူတွေ အသိပေးလာတဲ့ အတွက် တပ်မတော်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်ကယ်ဆယ်ခဲ့ရပါတယ်။ ဒီအကြမ်းဖက်သမားတွေနဲ့ ထိတွေ့တိုတ်ခိုက်မူ ဖြစ်ပွားပြီး တက္ကသိုလ်ရဲ့ အရှေ့ဘက်ကို အကြမ်းဖက်သမားတွေ ပြန်လည် ဆုတ်ခွာသွားပါတယ်။

ဒီဆရာ/ဆရာမ ကျောင်းသား/ကျောင်းသူ ရုံးဝန်ထမ်း စုစုပေါင်း ၂၈၅ ဦးကို အချိန်မီပြန်လည်ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ကျန်တဲ့သူတွေကိုလည်း ကျွန်တော်တို့ အနေနဲ့ လိုက်လံစုံစမ်းဆဲဖြစ်ပါတယ်။ အကြမ်းဖက် သမားတွေရဲ့ ဖမ်းဆီးခေါ်ဆောင်သွားရင်လဲ လွတ်မြောက်နိုင်အောင် ကျွန်တော်တို့အစွမ်းကုန် ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း လွိုင်ကော်တက္ကသိုလ်မှာလည်း ဒီလို ဖြစ်စဉ်မျိုး ဖြစ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီ NUG၊ CRPH ဦးဆောင်နေတဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ တွေအနေနဲ့ ဒီအဖွဲ့တွေသည် စစ်ရေးနဲ့မဆိုင်တဲ့ အရပ်သားတွေကို ခြိမ်းခြောက်တာတွေ နိုင်ငံတော်ရဲ့အနာဂတ်ဖြစ်တဲ့ ပညာရေးနဲ့ ပတ်သက်ပြီး အဓိက အနှောက်အယှက်ပေးတာတွေ ခြိမ်းခြောက်တာတွေကို ဆောင်ရွက် လျှက်ရှိပါတယ်။ အဓိကကတော့ ဒါတွေနဲ့ပတ်သက်ပြီး ဒီလိုဖြစ်စဉ် မျိုးဖြစ်ပွားတိုင်းမှာလည်း ယခင်က ကျွန်တော်တို့ အရပ်သားတွေကို တိုက်ခိုက်နေပါတယ် ဆိုတဲ့ စွပ်စွဲချက် မျိုးတွေ အရပ်သားအယောင်ဆောင်ပြီး အရပ်ဝတ် ဝတ်ပြီးလှုပ်ရှား နေတဲ့ သောင်းကျန်းသူတွေကိုချေမှုန်းခဲ့လျှင် အရပ်သားပြည်သူတွေပါဆိုတဲ့ လုပ်နေကြ ပြည်ဖျက်မီဒီယာများ မြန်မာနိုင်ငံပေါ်မှာအစဉ်တစိုက် အမြဲတမ်းတိုက်ခိုက်လာတဲ့ နိုင်ငံများအနေနဲ့ ရေငုံနှုတ်ပိတ်နေတာမဆန်းပါဘူး။

ဒီကိစ္စနှင့်ပတ်သက်ပြီးလည်း ရေငုံနှုတ်ပိတ် နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့ သူတို့ရဲ့ ရည်ရွယ်ချက် မြန်မာပြည်ကို ပျက်စီးသထက်ပျက်စီးအောင်လုပ်လိုတဲ့ ရည်ရွယ်ချက်တွေကို သိရမှာဖြစ်ပါတယ်။ တိုင်းပြည်အနာဂတ်၊ ကလေးသူငယ် တွေရဲ့အနာဂတ် ပညာတတ်များမရှိဘဲနလပိန်းတုန်းဖြစ်အောင်လုပ်နေတဲ့ ရည်ရွယ်ချက်တွေကိုကျွန်တော်တို့သိရှိပြီး ပြည်သူလူထုတစ်ရပ်လုံး အဖွဲ့အစည်း များအားလုံးကဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်ရမှာဖြစ်ပါတယ်။

လာရောက်တိုက်ခိုက် တဲ့ PDF တွေရဲ့အလောင်းလက်နက်အချို့ ရရှိခဲ့ပါတယ်။ ဒီထဲမှာ အချို့ယူနီဖောင်းတွေမှာဆိုလို့ရှိရင် CNA တံဆိပ် CHIN  NATIONAL ARMY ဆိုတဲ့ တံဆိပ်မျိုးတွေလည်း ပါရှိတာဖြစ်ပါတယ်။ ဒါကြောင့်မို့အကြမ်းဖက်သမားများ ရဲ့လုပ်ရပ်များကို ပြည်သူ လူထုတစ်ရပ်လုံးအနေနဲ့စည်းလုံးညီညွတ်စွာ ဝိုင်းဝန်း ဆန့် ကျင်ကြပါလို့ ပြောကြား လိုပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။