ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးနေသော နိုင်ငံများအကြောင်း သိကောင်းစရာများ အပိုင်း(၂)

 

ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးနေသော နိုင်ငံများအကြောင်း သိကောင်းစရာများ အပိုင်း(၂)

 

      အားလုံးပဲမင်္ဂလာပါရှင့်။ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး  တင်ဆက် ပေးနေတဲ့ ဗိုလ်ကြီး ဒေါ်အေးသဉ္ဇာကျော် ဖြစ်ပါတယ်ရှင်။ ဒီနေ့လည်း တခြားနိုင်ငံ တွေအကြောင်းမပြောခင် ကျွန်မတို့နိုင်ငံအကြောင်း အနည်းငယ်ပြောလိုပါတယ်။

    ကျွန်မတို့မြန်မာနိုင်ငံက လူဦးရေ ၅၄ သန်းကျော် ရှိလာပြီဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကဆိုရင် ကျွန်မတို့နိုင်ငံထက် လူဦးရေပိုမို များပြားတဲ့နိုင်ငံတွေဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်မတို့နိုင်ငံနဲ့  နီးကပ်စွာတည်ရှိနေတဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေလည်း  ရှိပါတယ်။ ကျွန်မတို့နိုင်ငံနဲ့ နီးကပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေအထဲကမှ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံကဆိုရင်လည်း ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြဋ္ဌာန်းလည်း ပြဋ္ဌာန်းထားသလို လက်တွေ့လည်းကျင့်သုံးနေတဲ့ နိုင်ငံတွေအထဲမှာ ပါပါတယ်။ မြန်မာနိုင်ငံက ပထဝီအနေအထားအရ တကယ့်အချက်အချာကျတဲ့၊ မဟာဗျူဟာကျကျ တည်ရှိနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာလည်း ဒီလိုမျိုး ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခြင်းအားဖြင့် နိုင်ငံတော် ကာကွယ်ရေးစွမ်းအားတွေ  မြင့်တက်လာမယ်၊ နိုင်ငံသူ/နိုင်ငံသားတွေရဲ့ ကာကွယ်ရေးအသိ၊ ကာကွယ်ရေးစွမ်းအားတွေလည်း မြင့်တက်လာမှာဖြစ်ပါတယ်။ ဒီလိုကာကွယ်ရေး စွမ်းအားတွေ မြင့်တက်လာပြီဆိုရင် ကျွန်မတို့နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းအားက  ရိုသေခန့်ညားလောက်တဲ့ ကာကွယ်ရေး စွမ်းအားစုလည်း ဖြစ်လာမှာဖြစ်ပါတယ်။ ပြည်သူတွေတစ်ရပ်လုံးက စစ်မှုထမ်းဥပဒေမှာ ပါဝင်လာတဲ့အတွက် အရပ်ဘက်/စစ်ဘက် ဆက်ဆံရေးတွေကလည်း ပိုမိုတိုးတက် ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော် ကာကွယ်ရေးနဲ့ စီးပွားရေး ကဏ္ဍတွေမှာ ဆောင်ရွက်ရာမှာလည်း ဘက်စုံသမမျှတစွာ ညီညွတ်မျှတ လာမှာဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့  စင်ကာပူနိုင်ငံအကြောင်းကို ကျွန်မပြောပြလိုပါတယ်။

စင်ကာပူနိုင်ငံက  မလေးကျွန်းဆွယ် တောင်ဘက်စွန်းမှာရှိနေတဲ့ နိုင်ငံလေး တစ်ခုဖြစ်ပါတယ်။  စင်ကာပူနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၁၉၇၀ ပြည့်နှစ် နှစ်ကုန်ပိုင်းလောက်မှာ စတင်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။   အသက်ကန့်သတ်ချက် အနေနဲ့ အမျိုးသားတစ်ယောက်က ၁၆ နှစ် ၆ လကနေပြီးတော့ အသက် ၄၀ အထိ တာဝန်ထမ်းဆောင်ရမှာ  ဖြစ်ပါတယ်။

သူတို့က ကျွမ်းကျင်သူတွေ၊ ပါရဂူတွေဖြစ်ခဲ့မယ် ဆိုရင်တော့ အသက် ၅၀ အထိ ခွင့်ပြုထားတာဖြစ်ပါတယ်။ စစ်မှုထမ်းရမယ့် ကာလအနေနဲ့ အခြေခံစစ်ပညာ သင်တန်းတက်တဲ့ ကိုးပတ်အပါအဝင် နှစ်နှစ် တက်ရောက်ရမှာဖြစ်ပါတယ်။ စစ်မှုထမ်းဆောင်ဖို့ ကြိုတင်စာရင်းသွင်းတဲ့အချိန်မှာပဲ စင်ကာပူနိုင်ငံ အနေနဲ့ဆိုရင် သူတို့ထမ်းဆောင်လိုတဲ့ တပ်ရင်း/တပ်ဖွဲ့ နှစ်ခု၊ ဒါမှမဟုတ်ရင် နှစ်ခုထက်ပိုပြီးတော့ စာရင်းပေးသွင်း  လျှောက်ထားလို့ရပါတယ်။ စစ်သင်တန်းပြီးဆုံးရင် သူတို့ရဲ့  ပင်ကိုအရည်အသွေး၊ ထိုးထွင်းကြံဆ လုပ်ကိုင်တတ်မှုစွမ်းရည်၊ ကျွမ်းကျင်လိမ္မာမှု၊ စိတ်ပါဝင်စားမှု၊ ကျန်းမာကြံ့ခိုင်မှုနဲ့ အရည်အချင်းအပေါ်မူတည်ပြီး သင့်လျော်မယ့် တပ်ရင်း/တပ်ဖွဲ့တွေမှာ  တပ်သားအဆင့်ကနေ တာဝန်ပေးစေခိုင်းတာ   ဖြစ်ပါတယ်။ အရည်အချင်းနဲ့လိုက်ပြီးတော့လည်း ရာထူးအဆင့်အတန်းတွေကို ပေးထားတာဖြစ်ပါတယ်။ ကျွန်မတို့ ခုနက သင်တန်းသားတွေ ခေါ်လိုက်တယ်။ အခြေခံစစ်ပညာသင်တန်း ကိုးပတ်ပြီးသွားတယ်။  အဲဒီကိုးပတ် ပြီးသွားတဲ့အချိန်မှာ   ဒီသင်တန်းသားစုစုပေါင်းပေါ့ ၁၀၀ ရာခိုင်နှုန်း အချိုးချလိုက်မယ်ဆိုရင် အတော်ဆုံးသင်တန်းသား ၁၀ ရာခိုင်နှုန်းကတော့  ဗိုလ်လောင်းသင်တန်းကို တက်ခွင့်ရမှာဖြစ်ပါတယ်။

ဗိုလ်လောင်းသင်တန်း ကာလကတော့ ၃၈ ပတ်ဖြစ်ပါတယ်။ ဒီ ၃၈ ပတ်သင်တန်းကဆင်းလာရင် ဒုတိယဗိုလ်အဆင့်ကို အပ်နှင်းခြင်းခံရမှာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ကို ဗိုလ်အဆင့်အထိ သတ်မှတ်ပေးပါတယ်။ သူတို့က အမြဲတမ်းစစ်မှုထမ်းတွေလို   တခြားသင်တန်းတွေတော့ တက်လို့မရပါဘူး။ ပြီးရင် သူတို့ကို ကြည်း၊ ရေ၊ လေ တပ်ရင်း/တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်စေမှာ ဖြစ်ပါတယ်။ သင်တန်းရဲ့ ၄၀ ရာခိုင်နှုန်းသော သင်တန်းသားတွေကတော့ အကြပ်ကြီးသင်တန်းကို တက်ရောက်ခွင့် ရမှာဖြစ်ပါတယ်။ သူတို့ကတော့ သင်တန်းကာလအားဖြင့် ၂၂ ပတ် ကြာမြင့်မှာဖြစ်ပါတယ်။ သင်တန်းက ဆင်းလာပြီဆိုတာနဲ့ တပ်ကြပ်ကြီးအဆင့်ကို ရရှိမယ်။ ပြီးရင် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေ၊ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ထောက်လှမ်းရေး တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်စေမှာဖြစ်ပါတယ်။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းသော သူတွေကိုတော့ တပ်သားအဆင့်နဲ့ တာဝန်ထမ်းဆောင်စေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ကျန်းမာရေး ဆေးစစ်ချက်အဆင့်အတန်း A နဲ့ B ရတဲ့သူတွေကတော့ သင်တန်းကာလ ပြီးဆုံးတဲ့အချိန်ကနေ ခုနစ်လ ပြည့်တဲ့အချိန်မှာ ဒုတိယတပ်ကြပ်အဖြစ် လည်းကောင်း၊ ဒုတိယတပ်ကြပ်အဆင့်ကနေ ၁၂ လ ပြည့်တဲ့အချိန်မှာ တပ်ကြပ်အဖြစ်ကို လည်းကောင်း အဆင့်တိုးမြှင့်ရရှိမှာဖြစ်ပါတယ်။ ကျန်းမာရေးဆေးစစ်ချက် အဆင့်အတန်း C နဲ့ E ရရှိတဲ့သူတွေကတော့ သင်တန်းပြီးဆုံးလို့ ခုနစ်လ ကြာရင် ဒုတိယတပ်ကြပ် အဆင့်ကိုလည်းကောင်း၊ ဒုတိယတပ်ကြပ်ကနေပြီးတော့ ၁၅ လကြာတဲ့အခါမှာ တပ်ကြပ်အဆင့်ကို လည်းကောင်း ရရှိမှာဖြစ်ပါတယ်။ ဒုတိယတပ်ကြပ်၊  တပ်ကြပ်အဆင့်တွေပေးတဲ့ အခါမှာလည်း သူတို့သွားရောက် တာဝန်ထမ်းဆောင်နေတဲ့ တပ်ရင်း/တပ်ဖွဲ့တွေရဲ့ ခန့်အပ်အင်အားစာရင်း၊ လစ်လပ်အင်အား စာရင်းပေါ့ ဒါတွေနဲ့ နှိုင်းယှဉ်ချိန်ထိုးပြီးမှလည်း တာဝန်ပေးအပ်တာဖြစ်ပါတယ်။

ဒီတပ်သားတွေအနေနဲ့ကတော့ အခြေခံစစ်ပညာ သင်တန်းပြီးသွားပြီဆိုရင် သူတို့က သူတို့ရဲ့အဆင့်တိုးဖို့အတွက် သင်တန်းတက်စရာတော့ မလိုဘူးပေါ့ရှင်။ ဒါပေမဲ့ သူတို့တာဝန်ကျမယ့် သူတို့ရဲ့တပ်ရင်း/တပ်ဖွဲ့ရဲ့နယ်ပယ်အလိုက် သက်ဆိုင်တဲ့ ပညာရပ်ဆိုင်ရာ သင်တန်းတွေ၊ မွမ်းမံသင်တန်းတွေကိုတော့ တက်ရောက်ကြရပါတယ်။ အဆင့်တိုး၊ အတန်းတိုးအတွက်တော့ သူတို့   တက်ရောက်စရာမလိုပါဘူး။

ဒါကတော့  စင်ကာပူနိုင်ငံမှာ ကျင့်သုံးနေတဲ့   ပြည်သူ့စစ်မှုထမ်း ဥပဒေရဲ့ အကြောင်းကို ကျွန်မပြောပြခဲ့တာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျွန်မပြောချင်တာကတော့ ပြည့်အင်အားဟာ ပြည်တွင်းမှာသာ ရှိပါတယ်။  ကျွန်မတို့ငယ်ငယ်တုန်းက အမြဲကြားဖူးနေကျ  ပုံပြင်လေးတစ်ပုဒ်ရှိပါတယ်။ ထင်းစည်းဆိုတာ ထင်းအစည်းလိုက် မဟုတ်ဘဲနဲ့  တစ်ချောင်းတည်းချထားရင် အလွယ်တကူလည်း ချိုးနိုင်သလို အလွယ်တကူလည်း ကျိုးပါတယ်။ ထင်းက အစည်းလိုက်ရှိနေမယ်ဆိုရင် အလွယ်တကူချိုးဖို့လည်း မဖြစ်နိုင်သလို ကျိုးလည်းမကျိုးနိုင်ပါဘူး။ အခုလက်ရှိမှာ တခြားနိုင်ငံတွေက၊ နိုင်ငံအချို့က ထင်းစည်းပြေအောင် လုပ်နေကြတဲ့သူတွေ ရှိပါတယ်။

ဒါကို ကျွန်မတို့နိုင်ငံသူ၊ နိုင်ငံသားတွေက သူတို့ရည်ရွယ်ချက် မအောင်မြင်အောင် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်အပြည့်နဲ့  ကိုယ့်နိုင်ငံကို ကာကွယ်ကြရ မှာဖြစ်ပါတယ်။ ဒီနေ့ကတော့ ဒီလောက်ပါပဲ။  နောက်နေ့များမှာလည်း ပြည်သူ့စစ်မှုထမ်း ဥပဒေကျင့်သုံးနေတဲ့ တခြားနိုင်ငံတွေ အကြောင်းကို ဆက်လက်တင်ပြ ပေးသွားမှာဖြစ်ပါတယ်။   အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။