အမေရိကန်အစိုးရ မီးနှင့်  မကစားရန်တရုတ်သတိပေး

ပေကျင်း၊ နိုင်ငံရေး

အမေရိကန်အစိုးရအနေဖြင့် မီးနှင့် မကစားရန် တရုတ်အစိုးရက သြဂုတ် ၁၂ရက်တွင် သတိပေးလိုက်သည်။ အမေရိကန် ကိုယ်စားလှယ်အဖွဲ့၏ တရုတ်(တိုင်ပေ)သို့ သုံးရက်ကြာခရီးစဉ်ပြီးနောက် တရုတ်အစိုးရက သတိပေး ခြင်းဖြစ် သည်။

ကုန်သွယ်ရေး၊ စစ်ရေးနှင့် နိုဗယ်ကိုရိုနာ ဗိုင်းရပ်အပါအဝင် ကိစ္စရပ်များစွာနှင့်ပတ်သက်၍  အမေရိကန်နှင့် တရုတ် တို့ကြား ဆက်ဆံရေး အလွန်အမင်း ဆိုးဝါးနေစဉ် အမေရိကန် ကျန်းမာရေးဝန်ကြီး၏ တရုတ် (တိုင်ပေ)ခရီးစဉ်က တရုတ်အစိုးရကို ဒေါသ ထွက်စေသည်။

တရုတ်အစိုးရသည် ထိုခရီးစဉ်ကို အပြစ်တင်ဝေဖန်ကာ   တရုတ်နိုင်ငံ အနေဖြင့် အမေရိကန်နှင့်  တရုတ်(တိုင်ပေ) တို့ကြား တရားဝင်သံတမန် ဆက်ဆံမှုများကို ကန့်ကွက်ကြောင်းပြောထားသည်။

အမေရိကန်ရှိလူအချို့အနေဖြင့် တရုတ် ၏  အဓိကအကျိုးစီးပွားတွင်ပါဝင်သော ကိစ္စရပ်များနှင့်ပတ်သက်၍ အတွေးမှားများ ကိုလက်မခံသင့်ကြောင်းနှင့် မီးနှင့်ကစား သူများသည်  မီးလောင်ခံရမည်သာဖြစ် ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မှပြောရေးဆိုခွင့်ရှိသူ ကျောင်းလီကျန်းက ပြောသည်။

ထို့ပြင် တရုတ်(တိုင်ပေ)မှ  တာဝန်ရှိ သူများအနေဖြင့်လည်း အခြားသူများကို အောက်မကျို့ရန်၊ ပြည်ပနိုင်ငံသားများ အပေါ်မမှီခိုရန်နှင့် လွတ်လပ်ရေးကြိုးပမ်း မှုများကိုဆက်မလုပ်ရန်  တရုတ်အစိုးရက  သတိပေးကြောင်း ကျောင်းလီကျန်းက ပြောထားသည်ဟုသိရသည်။