PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ကလေးတက္ကသိုလ် အတွင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား  မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်

 

PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ကလေးတက္ကသိုလ် အတွင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား  မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၂၇

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးတက္ကသိုလ်အတွင်းရှိ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများအား ဖေဖော်ဝါရီ ၂၆ ရက်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးရန် ကြိုးစားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီ သွားရောက်ကယ်တင်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ ၂၈၅ ဦး အား ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည်။

အဆိုပါ ကလေးတက္ကသိုလ်ရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ  စုစုပေါင်း ၂၈၅ ဦးတို့အား ယနေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကလေးမြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်  ခန်းမ၌ တွေ့ဆုံအား ပေးစကားပြောကြားပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ များအား နေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံကာ မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။