၂၀၂၄ ခုနှစ် (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် တပ်မတော်(လေ)အဆင့် စစ်သည်တော် ကျင့်ဝတ်ပြိုင်ပွဲကျင်းပ

 

၂၀၂၄ ခုနှစ် (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် တပ်မတော်(လေ)အဆင့် စစ်သည်တော် ကျင့်ဝတ်ပြိုင်ပွဲကျင်းပ

 

နေပြည်တော် ဖေဖော်ဝါရီ ၂၇

၂၀၂၄ ခုနှစ်  (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် တပ်မတော်(လေ) အဆင့် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် မြေပြင်အတတ်သင် လေတပ်စခန်းဌာနချုပ်ရှိ   စက်မှုလက်မှု အတတ်သင်ကျောင်း၌    ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်(လေ) ကိုယ်စား မြေပြင်အတတ်သင် လေတပ်စခန်းဌာနချုပ် လေတပ် စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်မြင့်သောင်းနှင့် တာဝန်ရှိသူများက အရာရှိ၊ အရာခံ၊ အကြပ်အဆင့် ရေးဖြေဖြေဆိုမှုနှင့် တပ်သားအဆင့် နှုတ်ဖြေဖြေဆိုမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ စစ်သည်တော်ကျင့်ဝတ် ပြိုင်ပွဲကို အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား စုစုပေါင်း ၄၈ ဦး ဝင်ရောက် ဖြေဆိုခဲ့ကြောင်း သတင်းရရှိသည်။