PDF အမည်ခံအကြမ်းဖက်သမားများက ထားဝယ်နည်းပညာတက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်အပါအဝင် ၃ ဦးအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

PDF အမည်ခံအကြမ်းဖက်သမားများက ထားဝယ်နည်းပညာတက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်အပါအဝင် ၃ ဦးအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၂၈

        PDF အမည်ခံအကြမ်းဖက်သမားများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ဆင်ခြင်တုံတရားမဲ့စွာဖြင့် နည်းမျိုးစုံအသုံးပြုလျက် လုံခြုံရေးတပ်ဖွဲ့ဝင် များအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

        ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဘုရားမဲကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာ၏ တောင်ဘက် မီတာ ၁၀၀ ခန့်အကွာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာ၏တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ၎င်းအဖွဲ့သည် နည်းပညာ တက္ကသိုလ်(ထားဝယ်)အတွင်းသို့ဝင်ရောက်ကာ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ကျော်အောင် အပါဝင် ၃ ဦးအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်၍ ကျောင်း၏ အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းသိရှိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်သက်ဆိုင်ခြင်း မရှိသော ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် ဆရာ/ ဆရာမများကို အကာ အကွယ်ရယူ ပစ်ခတ်တိုက် ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည် ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ပြီး အဆိုပါရာဇဝတ်မှု များအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ဆရာ၊ ဆရာမ များအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံး ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက အပူတပြင်းရှာဖွေ ကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။