ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးနေသော နိုင်ငံများအကြောင်း သိကောင်းစရာများ အပိုင်း(၃)

 

ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးနေသော နိုင်ငံများအကြောင်း သိကောင်းစရာများ အပိုင်း(၃)

 

    မင်္ဂလာပါရှင်။ ကျွန်မကတော့ ပြည်သူ့ စစ်မှုထမ်းဥပဒေ  ကျင့်သုံးတဲ့နိုင်ငံတွေ အကြောင်းကိုတင်ဆက်နေတဲ့ ဗိုလ်ကြီး ဒေါ်အေးသဉ္ဇာကျော်ဖြစ်ပါတယ်။ ဒီတစ်ခါ မှာလည်း ကျွန်မလေ့လာတွေ့ရှိရသမျှကို တင်ဆက်သွားမှာဖြစ်ပါတယ်။  နိုင်ငံ တစ်နိုင်ငံလို့ သတ်မှတ်ဖို့အတွက် ကျွန်မတို့မှာ  အရည်အချင်းငါးပါးနဲ့ ပြည့်စုံဖို့ လိုအပ်ပါတယ်။ ဒါတွေကတော့ လူဦးရေ၊ နယ်မြေအပိုင်းအခြား၊ အချုပ်အခြာအာဏာ၊ အစိုးရနဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှုတို့ ဖြစ်ပါတယ်။  ဒီလိုအချက် ငါးချက်လုံးနဲ့ ပြည့်စုံတဲ့နိုင်ငံမှာ ကျွန်မတို့ဟာနေထိုင်ကြတာဖြစ်ပါတယ်။   ကျွန်မတို့နိုင်ငံဟာ ကိုယ့်ထီး၊  ကိုယ့်နန်း၊  ကိုယ့်ကြငှန်းနဲ့ နေထိုင်ခဲ့ကြတဲ့နိုင်ငံဖြစ်ပါတယ်။ သမိုင်းအစဉ်အဆက် အထောက်အထားများနဲ့ ပြည့်စုံတဲ့  နိုင်ငံတစ်ခုလည်း ဖြစ်တဲ့အပြင် မြစ်ချောင်းအင်းအိုင်တွေ၊ သယံဇာတတွေလည်း ပေါကြွယ်ဝပါတယ်။  ဒါ့အပြင် ဗုဒ္ဓဘာသာ သာသနာလည်း ထွန်းကားတဲ့ တိုင်းပြည်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထဝီဝင် နိုင်ငံရေးအရ အချက်အချာကျတဲ့ မဟာဗျူဟာကျတဲ့ အနေအထားမှာလည်း တည်ရှိပါတယ်။ ဒီလိုနိုင်ငံကို ကျွန်မတို့မှာ ဘိုးဘေးဘီဘင် အဆက်ဆက်ကတည်းက စတင်နေထိုင်ခဲ့ပြီးတော့ ကျွန်မတို့လက်ထက်မှာလည်း ဒီနိုင်ငံတော်ကြီး  မည်သို့မည်ပုံ မည်သည့်အကြောင်းကြောင်းနဲ့မှ  ပြိုကွဲသွားခြင်း မရှိအောင်လို့  ကာကွယ်စောင့်ရှောက် ကြရမှာဖြစ်ပါတယ်ရှင်။ ဒီနေ့မှာလည်း သူများနိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ ပြည်သူ့ စစ်မှုထမ်း ဥပဒေအကြောင်း Knowledge Sharing မလုပ်ခင်မှာ ကျွန်မတို့နိုင်ငံရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်းကို ကျွန်မအနည်းငယ်စီ တင်ဆက်ပေးလိုပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှု ထမ်းဥပဒေမှာ ပြည်သူ့စစ်မှုထမ်းဆိုတဲ့ အဓိပ္ပာယ်လေးကို ကျွန်မစတင် ရှင်းပြချင်ပါတယ်။ ဒီပြည်သူ့စစ်မှုထမ်းဆိုတာက ဒါစစ်မှုထမ်းဆောင်မယ့် နိုင်ငံသားကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံဆိုရင် မြန်မာနိုင်ငံဖြစ်တဲ့အတွက် စစ်မှု ထမ်းဆောင်မယ့် မြန်မာနိုင်ငံသားပေါ့ရှင်။

ဒီလိုမျိုးကို ခေါ်ဆိုတာဖြစ်ပါတယ်။ ဒီကျွန်မတို့နိုင်ငံမှာ ပြည်သူ့စစ်မှု ထမ်းဆောင်ရမယ့် အသက်အရွယ် အပိုင်းအခြားတွေကတော့ ယောကျ်ားလေးဆိုရင် အသက် ၁၈ နှစ်ကနေ  ၃၅  နှစ်အထိ လည်းကောင်း၊ မိန်းကလေးဆိုရင် အသက် ၁၈ နှစ်ကနေ ၂၇   နှစ်အထိ လည်းကောင်း  တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင် ဖြစ်ခဲ့မယ်ဆိုရင်တော့ ယောကျ်ားလေးဟာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ  တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပြီးတော့ မိန်းကလေး ဆိုလို့ရှိရင်တော့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင် လို့ပြောတဲ့ နေရာမှာလည်း ကျွမ်းကျင်ပညာရှင် ဆိုတာဘာလဲ ဒီလိုမျိုး စိတ်ဝင်စားကြတာရှိပါတယ်။ ကျွမ်းကျင်ပညာရှင်ဆိုတာလည်း ကျွန်မရှင်းပြပါမယ်။ ကျွမ်းကျင်ပညာရှင်ဆိုတာက ဆရာဝန်တို့ အင်ဂျင်နီယာတို့ စက်မှုဆိုင်ရာ အတတ်ပညာ တစ်ရပ်ရပ်ကို တတ်တဲ့သူတို့ ဒါမှမဟုတ်လို့ရှိရင် အခြားအတတ်ပညာ တစ်ခုခုနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတဲ့သူတွေကို ကျွမ်းကျင်ပညာရှင်လို့ ခေါ်တာဖြစ်ပါတယ်။ စစ်မှုထမ်းဆောင်ရမယ့် ကာလတွေ ကတော့ ၂၄ လ၊ နှစ်နှစ်ပေါ့ရှင်။ နှစ်နှစ် တာဝန်ထမ်းဆောင်ရမှာ  ဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေ အနေနဲ့ကတော့ ၃၆ လ၊ သုံးနှစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ တကယ်လို့ နိုင်ငံတော်မှာအရေး ပေါ်အခြေအနေ ဖြစ်လာပြီဆိုရင်တော့ နိုင်ငံသားအားလုံး ပြည်သူ့စစ်မှုထမ်းနေတဲ့ နိုင်ငံသား အားလုံးဟာ ငါးနှစ်တာဝန်ထမ်းဆောင် ရမှာဖြစ်ပါတယ်ရှင်။ ကျွန်မတို့နိုင်ငံမှာ ပြည်သူ့စစ်မှု ထမ်းဆောင်ခြင်းမှ ကင်းလွတ်တဲ့ သူတွေကတော့ သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည်အမျိုးသမီးတွေ၊  ဒါပေမဲ့ အိမ်ထောင်ကွဲသွားရင်တောင်မှ သူတို့မှာ သားတွေသမီးတွေ ရှိတယ်ဆိုတဲ့ အမျိုးသမီးတွေ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေ၊ တပ်မတော်စစ်ဆေးရေး ဘုတ်အဖွဲ့ကနေပြီးတော့ စစ်မှုထမ်းဆောင်ရန် မသင့်လို့  စစ်ဆေးတွေ့ရှိတဲ့သူတွေ၊  ပြည်သူ့စစ်မှုထမ်း ဗဟိုအဖွဲ့ကနေပြီးတော့ အမိန့် ထုတ်ပြန်ပြီးတော့ ဒါကင်းလွတ်ကြောင်း ထုတ်ပြန်ကြေညာ ထားတဲ့သူတွေပေါ့နော်။

ဒီလိုလူတွေကတော့  ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းကနေ ကင်းလွတ်မှာဖြစ်ပါတယ်။ ဒါတွေကတော့ ပြည်သူတွေ သိချင်နေကြတဲ့ မြန်မာနိုင်ငံရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေက အကြောင်းအရာ အချက်အလက်တချို့ကို ကျွန်မပြောပြခြင်းပဲဖြစ်ပါတယ်။

ဒီနေ့ကျွန်မတို့လေ့လာရမယ့်  နိုင်ငံကတော့ ထိုင်းနိုင်ငံဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ကျွန်မတို့နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့အပြင်  ဗုဒ္ဓဘာသာ သာသနာလည်း ထွန်းကားတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၁၉၅၄ ခုနှစ်ကတည်းက စတင်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ အသက်အရွယ် အပိုင်းအခြားတွေကတော့ သူတို့ဟာ အသက် ၁၇ နှစ်ပြည့်ပြီဆိုတာနဲ့ သူတို့ရဲ့ရပ်ရွာဇာတိမြို့တွေနဲ့ သက်ဆိုင်တဲ့ပေါ့နော် ဒီမြို့နယ်တွေ၊ ခရိုင်တွေမှာရှိတဲ့ စစ်သားစုဆောင်းရေး ဌာနတွေဆီမှာ သွားပြီးတော့ မဖြစ်မနေ အရန်အင်အား စာရင်းသွင်းဖို့အတွက် မှတ်ပုံတင်ရပါတယ်။ ဒီအချိန်မှာ တပ်မတော် ကနေပြီးတော့ ဒီစစ်မှုထမ်း အင်အားခေါ်ပြီ ဆိုလို့ရှိရင် သူတို့တွေက ဒီစစ်မှုထမ်းဆောင်ဖို့ မထမ်းဆောင်ဖို့ကို မဲနှိုက်ရွေးချယ် အတည်ပြုကြရတာဖြစ်ပါတယ်။ ဒီမဲနှိုက်ရွေးချယ်တဲ့ နေရာမှာလည်း သူတို့က အနီမဲနဲ့အနက်မဲဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီအနီမဲဆိုရင်တော့ အနီမဲကိုနှိုက်မိတဲ့ အရန်အင်အား စာရင်းဝင်နေတဲ့ သူတွေကတော့ စစ်မှုထမ်းဆောင် ရမှာဖြစ်ပါတယ်။  ဒီလိုမဟုတ်ဘဲ အနက်မဲကို နှိုက်ခဲ့တဲ့သူဆိုရင်တော့ သူတို့ကတော့  စစ်မှုထမ်းဆောင်ခြင်းကနေ ကင်းလွတ်မှာဖြစ်ပါတယ်။ ဒီလိုအနက်မဲကို နှိုက်မိလိုက်တဲ့ သူတွေက  ဒီတစ်ကြိမ်မှာပဲ စစ်မှုထမ်းဆောင်ခြင်းမှ  ကင်းလွတ်မှာ မဟုတ်ဘဲနဲ့ သူဟာနောက်တစ်ကြိမ်လည်း ပြန်နှိုက်စရာ မလိုတော့ပါဘူး။ သူဟာစစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်မှာ ဖြစ်ပါတယ်။ ဒီလိုအကြောင်းအရာနဲ့ ပတ်သက်တဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း လူမှုကွန်ရက် စာမျက်နှာပေါ်တွေမှာ မြင်တွေ့နေရတာတွေ ရှိပါတယ်။ တချို့တွေကလည်း ရွေးချယ်ခံရတာမှာ ပုံမှန်အတိုင်း ရွေးချယ်ခံကြတယ်။ တချို့တွေကလည်း    အရွေးချယ်ခံရတဲ့ အပေါ်မှာမူတည်ပြီး စိတ်ပျက်သွားတာမျိုးတွေပေါ့နော်။ သူတို့ဒါမျိုးလေးတွေလည်း တွေ့ရတာမျိုးတွေ ရှိပါတယ်။ ပြည်သူလူထု အနေနဲ့လည်း ဒါတွေ့ဖူးကြမှာပါ။  အရန်အင်အား စာရင်းသွင်းထားတဲ့ လူတွေဟာ ဒီစစ်မှုစတင် ထမ်းဆောင်မယ့်အချိန်မှာတော့ သူတို့ဟာ အသက် ၂၁ နှစ်ပြည့်တဲ့အချိန်မှာ စစ်သင်တန်းကာလ ခြောက်လအပါဆိုရင် နှစ်နှစ်တာဝန် ထမ်းဆောင်ရမှာဖြစ်ပါတယ်။ တချို့တွေကတော့ ဆန္ဒရှိတယ်ဆိုရင်တော့ အသက် ၁၈ နှစ်ပြည့်ကတည်းက စတင်တာဝန် ထမ်းဆောင်လို့ရပါတယ်။ သူတို့နဲ့ ပတ်သက်ပြီး အဆင့်၊ ရာထူး သတ်မှတ်ချက်နဲ့ပတ်သက်ပြီး သူတို့ကို ဒီနှစ်နှစ်လုံးမှာ တပ်သားအဆင့်နဲ့ တာဝန်ထမ်းဆောင် စေတာဖြစ်ပါတယ်။ ဒီတပ်သားအဆင့်ကိုမှ သူတို့ရဲ့  ပညာအရည်အချင်း အလိုက် ဒီတပ်သားအဆင့်မှာ သူတို့ရဲ့ ပညာအရည်အချင်းက ကောင်းတဲ့သူဆိုရင် ဒါ ရုံး၊ ဌာနတွေမှာ တာဝန်ပေးတယ်။ ပညာအရည် အချင်း နည်းသူတွေကတော့  သူတို့ကို သန့်ရှင်းရေးတို့၊ လုပ်အားပေးတို့၊ အထွေထွေတာဝန်တို့မှာ တာဝန်ပေးလေ့ရှိပါတယ်။ တပ်ရင်းတပ်ဖွဲ့အလိုက် တာဝန်ချထားမှုနဲ့ ပတ်သက်လို့ သူတို့ရဲ့ပင်ကိုအရည်အသွေး၊ အရည်အချင်းတွေကို ပြည့်ပြီးတော့ သူတို့ဇာတိရှိတဲ့ နေရာကတပ်တွေ မှာ သင့်တော်သလို တာဝန်ချထားပေးတာ ဖြစ်ပါတယ်။  ပြည်သူ့စစ်မှုထမ်းဘဝနဲ့ တာဝန်ထမ်းဆောင်နေရင်း တချို့တွေကလည်း  အမြဲတမ်းစစ်မှုထမ်းဘဝသို့  ပြောင်းလဲ တာဝန်ထမ်းဆောင်လိုသူများလည်း ရှိပါတယ်။ ဒီလိုတာဝန်ထမ်းဆောင်ချင်တဲ့အချိန်မှာ သူတို့က အခြေခံစစ်ပညာသင်တန်း ခြောက်လပြီးတဲ့အခါမှာ တစ်ဆင့်မြင့်ရာထူး ရရှိရေးအတွက် ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရမှာဖြစ်ပါတယ်။ ဒီစာမေးပွဲကို အောင်မြင်ရင် သူတို့က ဗဟိုသင်တန်းကျောင်းမှာ တစ်နှစ်ခန့် သင်တန်းတက်ရောက်ရမှာ ဖြစ်ပါတယ်။ ဒီသင်တန်းတက်ပြီးလို့ရှိရင်တော့ ဒုတိယတပ်ကြပ်အဆင့်နဲ့ တာဝန်စတင် ထမ်းဆောင်ရမှာဖြစ်ပါတယ်။

ဒုတိယတပ်ကြပ်အဆင့်နဲ့  ခြောက်လကြာပြီးပြီဆိုရင်တော့ တပ်ကြပ်အဆင့်နဲ့ တာဝန် စတင်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ဒီပုံစံနဲ့ပဲ သူတို့က သူတို့ရဲ့ ရုံး၊ ဌာနတွေမှာ တာဝန်ထမ်းဆောင်မယ်။ တာဝန်ထမ်းဆောင်နေရင်းနဲ့ပဲ သူတို့ရုံး၊ ဌာနအလိုက် အဆင့်တိုး စာမေးပွဲတွေကို ဖြေဆိုရင်းနဲ့ တပ်ကြပ်ကြီးရာထူးကို ရရှိမှာဖြစ်ပါတယ်။ ဒီတပ်ကြပ်ကြီးရာထူးနဲ့ နှစ်နှစ် ဒါမှမဟုတ်ရင် သုံးနှစ်လောက်ပေါ့နော်။ ဒီသုံးနှစ်လောက်မှာဆိုရင် သူတို့ဟာ သူတို့ရုံး၊ ဌာနတွေရဲ့လစ်လပ်အင်အား စာရင်းအပေါ်မူတည်ပြီးတော့ သူတို့ဟာ  ဒုတိယအရာခံဗိုလ်ပေါ့နော်။ ဒုတိယအရာခံဗိုလ် ရာထူးကို ရရှိပါတယ်။ ဒီဒုတိယအရာခံဗိုလ် ရာထူးနဲ့ လေးနှစ် သို့မဟုတ် ငါးနှစ်လောက် တာဝန်ထမ်း ဆောင်ပြီးသွားတဲ့အခါမှာ သူတို့ဌာနရဲ့ နေရာလစ်လပ်မှုပေါ်မှာ မူတည်ပြီးတော့ သူတို့က အရာခံဗိုလ်ရာထူးကို ရရှိတာဖြစ်ပါတယ်။ ဒုတိယတစ်ချက်က အရာခံဗိုလ် ရတဲ့အထိ ဒီရှစ်နှစ်အတွင်းမှာ ရရှိခဲ့မယ်ဆိုရင် သူတို့တွေဟာ အရာရှိသင်တန်းကို တက်ခွင့်ရပါတယ်။ အဲ့ဒီတော့ ဝင်ခွင့်စာမေးပွဲ ဖြေရပါတယ်။ ဝင်ခွင့်စာမေးပွဲမှာ အောင်လို့ရှိရင် သူတို့က အရာရှိသင်တန်းကို ခြောက်လတက်ရပါတယ်ရှင့်။ ဒီခြောက်လကနေပြီးတော့ သင်တန်းဆင်းလာရင် သူတို့က ဒုတိယဗိုလ်အဆင့်နဲ့  တာဝန်ထမ်းဆောင်ရပါတယ်။ ဒုတိယဗိုလ်အဆင့်နဲ့  နှစ်နှစ် လေးလကြာတဲ့အချိန်မှာ သူတို့က ဗိုလ်အဖြစ်နဲ့တာဝန် ထမ်းဆောင်ရတာဖြစ်ပါတယ်။ ဒီဗိုလ်အဖြစ်နဲ့ တာဝန်ထမ်းဆောင်ပြီးတော့ သုံးနှစ်ကြာတဲ့အချိန်မှာ ဗိုလ်ကြီးအဖြစ်သို့ တာဝန်ထမ်းဆောင်ရတာ ဖြစ်ပါတယ်။ ရုံးဌာနတွေမှာရှိတဲ့ လုပ်သက်ရင့် အရာခံဗိုလ်တွေအနေနဲ့ အသက် ၅၅ နှစ်ပြည့်ပြီ ဆိုတာနဲ့ အရာရှိဝင်ခွင့်စာမေးပွဲကို ဖြေဆိုစရာမလိုဘဲနဲ့ ဒုတိယဗိုလ်အဆင့်ကို တိုးမြှင့်ခြင်း ခံရမှာဖြစ်ပါတယ်။ သူတို့က ဒုတိယဗိုလ်အဖြစ်နဲ့ သုံးနှစ်နေပါတယ်။

သုံးနှစ်နေပြီးတာနဲ့ ဗိုလ်အဆင့်သို့ တိုးမြှင့်ပေးပါတယ်။ ဒီဗိုလ်အဆင့်နဲ့ပဲ သူတို့က ပင်စင်ယူကြတာဖြစ်ပါတယ်။  ဒုတိယတပ်ကြပ်ကနေ အရာခံဗိုလ်အထိကတော့ သူတို့ရဲ့ စစ်လက်ရုံးအလိုက်  ခြေလျင်အခြားအဆင့် အခြေခံသင်တန်းနဲ့ အဆင့် မြင့်သင်တန်းတွေကို တက်ရောက်ရမှာဖြစ်ပါတယ်။  အရာရှိတွေဟာဆိုရင်လည်း သူတို့ရဲ့ သက်ဆိုင်ရာ စစ်လက်ရုံးအလိုက် အရာရှိအခြေခံ သင်တန်းတွေနဲ့ အဆင့်မြင့်သင်တန်းတွေ စစ်ဦးစီးတက္ကသိုလ်ကိုလည်း တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဒါကတော့ ကျွန်မလေ့လာထားတဲ့ ထိုင်းနိုင်ငံရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း ပဲဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့  ပြောရမယ်ဆိုရင် တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ရာရဲ့ တန်ဖိုးဆုံးရှုံးသွားကာမှ  သိကြတာ များပါတယ်။ ဒါသဘာဝပါပဲ။ ကျွန်မတို့ မမွေးခင်က ကျွန်မတို့ဘိုးဘေးတွေဟာလည်း  ဒီလွတ်လပ်ရေးရဲ့တန်ဖိုးကို သူတို့ ဆုံးရှုံးသွားမှ   သိခဲ့ရတာဖြစ်ပါတယ်။ ဒီအတွက် သမိုင်းကပေးတဲ့ သင်ခန်းစာကို ယူရမယ်။ သမိုင်း မအဖို့လိုတယ်။ သမိုင်းကျေဖို့လိုပါတယ်။   လွတ်လပ်ရေးရဲ့ တန်ဖိုး၊ လွတ်လပ်မှုရဲ့တန်ဖိုးကို ကျွန်မတို့ ဘိုးဘွားတွေတုန်းကလိုပဲ  ဆုံးရှုံးသွားမှ တန်ဖိုးသိခြင်း မဖြစ်ရလေအောင် ကျွန်မတို့နိုင်ငံသူ နိုင်ငံသားတိုင်းကလည်း အသိသတိရှိရှိနဲ့ ကာကွယ်သွားကြရမှာဖြစ်ပါတယ်။ ဒီနေ့ကတော့ ဒီလောက်ပဲဖြစ်ပါတယ်။ နောက်နေ့များမှာလည်း ပြည်သူ့စစ်မှုထမ်း ဥပဒေကျင့်သုံးနေတဲ့ တခြားနိုင်ငံတွေ အကြောင်းကို ဆက်လက်တင်ဆက် ပေးသွားမှာဖြစ်ပါတယ်။

 ကျေးဇူးတင်ပါတယ် ရှင်။