ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေ၊ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

 

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေ၊ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

 

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ ၂၉ ရက်

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူ များအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေ များ သီးသန့်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီးဖြစ်ရာ ယနေ့ တွင်လည်း ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်းအလင်းဝင်ရောက်သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်း ကို စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ ခန္တီးမြို့၊ ဖောင်းပြင်မြို့၊ ကလေးမြို့၊ မုံရွာမြို့နှင့် မကွေး တိုင်းဒေသကြီး၊ ပခုက္ကူမြို့တို့ရှိ နယ်မြေခံတပ်နယ်ခန်းမများ၌ အသီးသီးပြုလုပ်ရာ သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင် အတွင်း အလင်းဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက် ကြသည်။

     ဦးစွာ သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများက နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို အသီးသီးရှင်းလင်းဆွေးနွေး ပြောကြား ကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော ပြစ်မှုကျူးလွန်ခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ ခန္တီးမြို့၊ ဖောင်းပြင်မြို့၊ ကလေးမြို့၊ မုံရွာမြို့နှင့် မကွေး တိုင်းဒေသကြီး၊ ပခုက္ကူမြို့တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁၀ ဦး နှင့် အမျိုးသမီး ၂ ဦးတို့သည် ၎င်းတို့နှင့် အတူပါလာသည့် MK-12 အမျိုးအစား မောင်းပြန်ရိုင်ဖယ်(၁)လက်၊ Stalliom PA-100 Short Gun အမျိုးအစား မောင်းပြန်ရိုင်ဖယ်(၁)လက်နှင့် KUZAY-GN 19 အမျိုးအစား ပစ္စတို(၁)လက်တို့အား အပ်နှံကြရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး MK-12 အမျိုးအစား မောင်းပြန်ရိုင်ဖယ်(၁)လက်အတွက် ဆုကြေးငွေ ကျပ်သိန်း(၄၀)၊ Stalliom PA-100 Short Gun အမျိုးအစား မောင်းပြန်ရိုင်ဖယ်(၁)လက်အတွက် ဆုကြေးငွေ ကျပ်သိန်း(၄၀)၊ KUZAY-GN 19 အမျိုးအစား ပစ္စတို(၁)လက်အတွက် ကျပ်သိန်း(၂၀)၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလင်းဝင်ရောက်လာသူ ၁၂ ဦးအတွက် ၁ ဦးလျှင် ဆုကြေးငွေ ကျပ်သိန်း (၂၀)၊ စုစုပေါင်းကျပ်သိန်း(၃၄၀)နှင့် ထောက်ပံ့ပစ္စည်းများ၊ စားသောက်ဖွယ်ရာ များအားပေးအပ်ရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများမှ အသီးသီး လက်ခံရယူကြပြီး အလင်းဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြော ကြားသည်။ ၎င်းနောက် အလင်းဝင်ရောက်လာသူများနှင့် တက်ရောက်လာကြသူများအား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးပြီး အလင်းဝင်ရောက်လာသူများအား အသိအမှတ်ပြုကဒ်ပြားများ ပေးအပ်ကာ ဝန်ခံကတိလက်မှတ် ရေးထိုးစေ၍ ၎င်းတို့၏ မိဘ အုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

          ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲအပ်ပေးလျက်ရှိခြင်းများကြောင့် ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့ လာပါက ကြိုဆိုလက်ခံပေးသွားမည် ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများအား ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။