မြစ်ကြီးနားမြို့၊ ကျောက်တန်းမြို့နယ်နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

မြစ်ကြီးနားမြို့၊ ကျောက်တန်းမြို့နယ်နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ ၂၉ ရက်

      ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်း မြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအရှေ့ရပ်ကွက်နှင့် ပတ်ဝန်းကျင်ရပ်ကွက်များရှိ သံဃာ တော်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များ မှ နယ်လှည့်ဆေးကုသရေးအဖွဲ့များက သတ်မှတ်နေရာအသီးသီး၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

     ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့များက ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော် ၁၁၀ ပါးတို့ကို လည်းကောင်း၊ ဝဲကြီးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော် ၂ ပါးနှင့် ဒေသခံပြည်သူ ၁၂၁ ဦးတို့ကိုလည်ကောင်း၊ ဆိပ်ကြီးအရှေ့ရပ်ကွက်နှင့် ပတ်ဝန်းကျင် ရပ်ကွက်များရှိ သံဃာတော် ၂၀ ပါးနှင့် ဒေသခံပြည်သူ ၂၂၈ ဦးတို့ကိုလည်ကောင်း လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေပေး ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် သံဃာတော် များအား နယ်မြေခံတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင် ရွက်ပေးသည်။

     ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံတပ်နယ်များမှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေး ကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ ကြကြောင်း သတင်းရရှိသည်။