မြိတ်မြို့နယ်၊ ပလောက်မြို့နယ်၊ ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

 

မြိတ်မြို့နယ်၊ ပလောက်မြို့နယ်၊ ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

 

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၂၉

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ပလောက်မြို့နယ်၊ ဘုတ်ပြင်းမြို့ နယ်နှင့် ကော့သောင်းမြို့နယ်တို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့နံနက် ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးနှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ် တိုင်းရန်အောင်ခန်းမနှင့် နယ်မြေခံတပ်နယ် ခန်းမများ၌ အသီးသီးသွားရောက်တွေ့ဆုံကြသည်။

      ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက အသီးသီး အမှာစကား ပြော ကြားပြီး ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအတွက် ဆန်၊ ဆီ နှင့် ချီးမြှင့်ငွေများ ပေးအပ်ကြပြီး ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။