တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရေးဆောင်ရွက်စဉ် စက်ချို့ယွင်းကာ မတော်တဆမှု ဖြစ်ပွား

 

တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရေးဆောင်ရွက်စဉ် စက်ချို့ယွင်းကာ မတော်တဆမှု ဖြစ်ပွား

 

နေပြည်တော်၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ - ၂၉

    တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီးသည် မကွေးမြို့ပတ်ဝန်း ကျင်တစ်ဝိုက် လေ့ကျင့်ပျံသန်းရေးဆောင်ရွက်စဉ် ပွင့်ဖြူမြို့ အနောက်မြောက်ဘက် ရေဘုတ်ကြီးရွာအနီးသို့အရောက် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်ခန့် တွင် ရုတ်တရက် စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကာ မြေပြင်ပေါ်သို့ ပြုတ်ကျခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

     လေယာဉ်ပျက်ကျမှုဖြစ်စဉ်တွင် လေယာဉ်မှူးအနေဖြင့် အရေးပေါ်ခုန်ထွက်နိုင်ခဲ့ မှုကြောင့် ဘေးကင်းစွာဖြင့် ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး စက်ချို့ယွင်းမှု အကြောင်း အရင်းအား စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။