မန်ယူအသင်းနှင့် လမ်းခွဲပြီး ကလပ်အသင်း လက်မဲ့ဖြစ်နေသည့် ဂိုးသမား ဒီဂီယာကိုခေါ်ယူရန် ဘာစီလိုနာအသင်း စီစဉ်နေ

 

မန်ယူအသင်းနှင့် လမ်းခွဲပြီး ကလပ်အသင်း လက်မဲ့ဖြစ်နေသည့် ဂိုးသမား ဒီဂီယာကိုခေါ်ယူရန် ဘာစီလိုနာအသင်း စီစဉ်နေ

 

    ဘာစီလိုနာအသင်းက မန်ယူအသင်းနှင့် လမ်းခွဲပြီးနောက် ကလပ်အသင်း လက်မဲ့ဖြစ်နေသည့် ဂိုးသမားဒီဂီယာကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

အသက် ၃၃ နှစ်အရွယ်  ဒီဂီယာသည်  မန်ယူအသင်းတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ ကစားခဲ့ကာ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သော်လည်း ပြီးခဲ့သည့် ဘောလုံးရာသီအကုန်က စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ကလပ်အသင်း လက်မဲ့ဖြစ်နေသူဖြစ်သည်။

ဒီဂီယာကို  ပြီးခဲ့သည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလကတည်းက ဆော်ဒီထိပ်တန်း ကလပ်အသင်းကြီးများက မြင့်မားသည့် လုပ်ခလစာဖြင့် ကမ်းလှမ်းမှုပြုလုပ်ခဲ့သော်လည်း ၎င်းကိုယ်တိုင်က ဥရောပတွင်သာ ဆက်လက်ကစားလိုသည့်အတွက် ကမ်းလှမ်းမှုများကို ပယ်ခဲ့ပြီး အစောပိုင်းက ဘက်တစ် အသင်း၊      နယူးကာဆယ် အသင်းတို့နှင့်လည်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း  မပြောင်းရွှေ့ဘဲ လက်ရှိအချိန်ထိ ကလပ်အသင်း လက်မဲ့ဖြစ်နေခြင်း ဖြစ်သည်။

ဒီဂီယာကိုယ်တိုင်ကလည်း မကြာမီဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်မည်ဟု  ပြောကြားပြီးနောက် အသင်းဟောင်း  အက်သလက်တီကို အသင်းအပြင် ရီးယဲလ်မက်ဒရစ် အသင်းတို့နှင့်ပါ   သတင်းထွက်ပေါ်ခဲ့သော်လည်း ယခုအခါ ဘာစီလိုနာအသင်းက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ရန် စီစဉ်နေကြောင်း သိရသည်။