ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလ ၁၅ ရက်အတွင်း ငါးခြောက်မျိုးစုံ ပိဿာချိန် ၄၅၀၀၀ အထိတင်ပို့နိုင်ခဲ့

 

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလ ၁၅ ရက်အတွင်း ငါးခြောက်မျိုးစုံ ပိဿာချိန် ၄၅၀၀၀ အထိတင်ပို့နိုင်ခဲ့

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့  ဖေဖော်ဝါရီလ  ၁ ရက်မှ ၁၅ ရက်အထိ ၁၅  ရက်အတွင်း ငါးခြောက်မျိုးစုံ ပိဿာချိန် ၄၅၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် မှ  ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေး   ပွဲရုံ လုပ်ငန်းလုပ်ကိုင်သူ  ဒေါ်ဝင်းဝင်းမော်၏ ပြောပြချက်အရ သိရသည်။

ဖျာပုံမြို့နယ်မှ  ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလက ငါးခြောက်မျိုးစုံ ပိဿာချိန် ၈၅၀၀၀  အထိ  တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်မှ ၁၅  ရက်အထိ ၁၅ ရက်အတွင်း ငါးခြောက်မျိုးစုံ ပိဿာချိန် ၄၅၀၀၀  အထိ  တင်ပို့ရောင်းချထားနိုင်ကြောင်း၊ ထိုသို့ရန်ကုန်ဈေးကွက်သို့ တင်ပို့ ရောင်းချခဲ့သည့်   ငါးခြောက် အမျိုးအစားများမှာ ငါးကွမ်းရှပ် (ငါးညို) ခြောက်၊ ငါး လိပ်ကျောက်ခြောက်၊   ပင်လယ်ငါးပြေမ ခြောက်၊   ငါးဖောင်ရိုးခြောက်၊   ငါးတံခွန်ခြောက်နှင့်   အာပဲ့ခြောက်   စသည်တို့ဖြစ် ကြောင်း သိရသည်။

“ဒေသတွင်းက ထွက်ရှိတဲ့   ငါးခြောက် မျိုးစုံကို  စနစ်တကျ ထုပ်ပိုးပြီး ရန်ကုန်ဈေး ကွက်ကို အဓိက တင်ပို့ရောင်းချနေပါတယ်။   ငါးခြောက်တွေကို ပြည်တွင်းဈေးကွက်မှာ တင်  စားသုံးသူများလို့ အဝယ်လိုက်နေတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၁၅ ရက်အထိ ၁၅ ရက်အတွင်း ငါးခြောက်မျိုးစုံ  ပိဿာချိန် ၄၅၀၀၀  အထိ တင်ပို့ ရောင်းချခဲ့ရပါတယ်။  လက်ရှိမှာလည်း ငါးခြောက်အရောင်းအဝယ် သွက်နေပါတယ်” ဟု ဒေါ်ဝင်းဝင်းမော်က ပြောသည်။

ဖျာပုံမြို့နယ်မှ   ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ငါးဖောင်ရိုးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၇၅၀၀၊ ငါးကွမ်း ရှပ်  (ငါးညို)   ခြောက်တစ်ပိဿာလျှင် ငွေကျပ် ၅၅၀၀၀၊ ပင်လယ်ငါးပြေမခြောက် တစ်ပိဿာလျှင် ငွေကျပ် ၅၅၀၀၀၊  ငါး လိပ်ကျောက်ခြောက် တစ်ပိဿာလျှင် ငွေ ကျပ် ၄၄၀၀၀၊ ငါးတံခွန်ခြောက်တစ်ပိဿာ လျှင်  ငွေကျပ်  ၃၇၀၀၀၊   အာပဲ့ခြောက်တစ်ပိဿာလျှင် ငွေကျပ် ၃၉၅၀၀ စသည် ဖြင့်   ဈေးနှုန်းအသီးသီး ရှိကြောင်း   သိရသည်။