မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

နေပြည်တော် ဖေဖော်ဝါရီ ၂၉

    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၇ ရက် ည ၆နာရီ မိနစ် ၃၀တွင် တာမွေမြို့နယ် တာမွေလေးရပ်ကွက် လေးဒေါင့်ကန်လမ်းပေါ်တွင်  သတင်းအရ ငြိမ်းချမ်းမောင်းနှင်ပြီး ဇော်လှိုင်ဦး(ခ)အာကာနှင့် နေဇော်ဦးတို့ လိုက်ပါ လာသော MITSUBISHI  အမျိုးအစား ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၇၈၀၀၀ ကို လည်းကောင်း။

 ထို့ပြင် ဖေဖော်ဝါရီလ ၂၈ ရက် ညနေ ၃ နာရီတွင် ပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စု ပတ္တမြားရပ်ကွက် မြအေးချမ်းလမ်းရှိ သက်ရွှေဦး(ခ)ကိုသက်၏ နေအိမ်ကို သတင်းအရရှာဖွေရာ အိပ်ခန်းအတွင်းရှိ အိပ်ရာခေါင်းရင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကိုလည်း ကောင်း၊ အလားတူ  ယင်းနေ့ ည  ၆ နာရီ ၁၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့  ကျောင်းကြီးစုရပ်ကွက် အဝေရာ  မီးပုံးပျံကွင်းမုခ်ဦးအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ  မမာလာဝင်း(ခ) မာလာအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။