အာကာသအတွင်း နျူကလီးယား လက်နက်များ ဖြန့်ကြက်ရန် အစီအစဉ်မရှိကြောင်းရုရှားသမ္မတ ပူတင်ပြော

 

အာကာသအတွင်း နျူကလီးယား လက်နက်များ ဖြန့်ကြက်ရန် အစီအစဉ်မရှိကြောင်းရုရှားသမ္မတ ပူတင်ပြော

 

    ရုရှားနိုင်ငံအနေဖြင့် အာကာသအတွင်း နျူကလီးယား လက်နက်များ ဖြန့်ကြက်ရန် အစီအစဉ်မရှိကြောင်း ရုရှားသမ္မတဗလာ ဒီမာပူတင်က မတ်လ ၁ ရက်တွင် ပြောသည်။

ရုရှားနိုင်ငံသည် လက်ရှိတွင် အာကာသအတွင်း၌ နျူကလီးယား လက်နက်များ ဖြန့်ကြက်ရန် စီစဉ်လျက်ရှိသည် ဟူသော အနောက်နိုင်ငံအချို့၏  စွပ်စွဲချက်များနှင့် စပ်လျဉ်း၍  ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းစွပ်စွဲချက်များသည် အခြေအမြစ် မရှိ ကြောင်း သမ္မတပူတင်က ရုရှားလုံခြုံရေးကောင်စီ အဖွဲ့နှင့်ပြုလုပ်သည့်  အစည်းအဝေးတွင် ပြောကြားခြင်းဖြစ်သည်။

ရုရှားနိုင်ငံက  အာကာသအတွင်း၌ နျူကလီးယား လက်နက်များ  ဖြန့်ကြက်ရန် စီစဉ်နေသည်ဟူသော ပြောဆိုချက်များသည် အနောက်နိုင်ငံများက အမေရိကန်၏ အကျိုးစီးပွားအတွက် ရုရှားအား ၎င်းတို့နှင့် ဆွေးနွေးရန် ဆွဲဆောင်ခြင်းသာ ဖြစ်ကြောင်း ပူတင်ကဆက်ပြောသည်။

ရုရှားနိုင်ငံသည် အာကာသအတွင်း၌ နျူကလီးယား လက်နက်များ ဖြန့်ကြက်ရန် စီစဉ်လျက်ရှိကြောင်း အနောက်နိုင်ငံများမှ မီဒီယာများတွင် ဖော်ပြခဲ့ကြောင်း   သိရသည်။