တရားမဝင် သစ်မျိုးစုံ၊ တိရစ္ဆာန်များ၊ လုပ်ငန်းသုံး ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ တိရစ္ဆာန်များ၊ လုပ်ငန်းသုံး ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  မတ်  ၁

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ   ဖေဖော်ဝါရီလ၂၇ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် သရက်ခရိုင်၊ ကံမမြို့နယ်နှင့်   မင်းလှမြို့နယ်တို့၌ တရားမဝင် အခြားသစ် (၅ ဒသမ ၄၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၂၄၆၂၆) ကို သစ်တောဥပဒေအရ လည်းကောင်း၊ မင်းလှမြို့၊ သင်ပုန်းပင်ကားလမ်းကွေ့အနီး၌ တရားမဝင်သယ်ဆောင်လာသည့် နွားထီး(၂၄)ကောင် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၀၀၀၀၀)ကို အရေးကြီး ကုန်စည်နှင့်  ဝန်ဆောင်မှု ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၅၂၄၆၂၆)ကိုဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်  ဖေဖော်ဝါရီလ ၂၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး      တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် ကျုံပျော် ခရိုင်၊ ရေကြည်မြို့နယ်၌ တရားမဝင် အခြားသစ် (၅၉ ဒသမ ၈၅၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၄၁၅၇၂)ကို လည်းကောင်း၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ တရားမဝင် အခြားသစ် (၉၂ ဒသမ ၀၂၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁၉၉၃၈၂)ကို လည်းကောင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ တရားမဝင်အခြားသစ် (၂ ဒသမ ၆၀၇)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၃၅၈၁)ကို လည်းကောင်း၊  ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၌ တရားမဝင်အခြားသစ် (၂ ဒသမ ၄၀၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၇၄၈၇)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈၄၂၀၂၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၈ ရက်တွင် မွန်ပြည်နယ်    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မော်လမြိုင်မြို့၊ ရွှေဗျိုင်းကားဂိတ်၌ မော်တော်ယာဉ်(၁)စီးပေါ်မှ ဂုန်နီအိတ်မျိုးစုံ (၃၀၀)ထုပ်၊ ပီနံအိတ် (၄၉)ထုပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၂၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်ထားသည့် Mitsubishi Canter Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၆၂၀-၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ လ၂၉ ရက်တွင် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးနှင့် မြဝတီမြို့မှ  ရန်ကုန်မြို့သို့မောင်းနှင် လာသောယာဉ်(၁)စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်  Rubber Slipper ဖိနပ် ကုန်ကြမ်းပစ္စည်း (၁၇၅၀)ကီလိုဂရမ်၊ Scott Paint Thinner  ဟု ယူဆရသောအရည် (၆၀၀၀)ကီလိုဂရမ်၊ စက်မှုကုန်ကြမ်း ဘေထုပ် (၅၆၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၈၇၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး၊ Dong Feng Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ ပဲခူးခရိုင်နှင့် သာယာဝတီခရိုင်များ အတွင်း၌ တရားမဝင် ကျွန်းသစ် (၁၀ ဒသမ ၃၂၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၄၅၆၄၈)ကို သစ်တောဥပဒေအရ လည်းကောင်း၊ မတ်လ ၁ ရက်တွင် ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်များ အတွင်း၌ တရားမဝင်ကျွန်းသစ်(၅ ဒသမ ၈၉၇)တန်၊ သစ်မာ(၁၁ ဒသမ ၈၇၉)တန်၊ အခြားသစ်(၂၂ ဒသမ ၆၆၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁၉၈၈၈၆)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၂၆၁၉၅၃၄)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်နှင့် မတ်လ ၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၈)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၂၆၀၆၁၈၂) ဖြစ်ကြောင်းမှ   တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ  သိရသည်။