ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးနေသော နိုင်ငံများအကြောင်း သိကောင်းစရာများ အပိုင်း(၄)

 

ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးနေသော နိုင်ငံများအကြောင်း သိကောင်းစရာများ အပိုင်း(၄)

 

    မင်္ဂလာပါရှင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးတဲ့နိုင်ငံတွေ အကြောင်းကို တင်ဆက်ပေးနေတဲ့ ဗိုလ်ကြီးဒေါ်အေးသဉ္ဇာကျော် ဖြစ်ပါတယ်။ ဒီနေ့မှာ ကျွန်မပြောပြချင် တာကတော့ ကျွန်မငယ်ငယ်ကတည်းက နှစ်ခြိုက်စွဲလမ်းခဲ့ရတဲ့ ကဗျာလေးတစ်ပုဒ် အကြောင်းပဲ ဖြစ်ပါတယ်ရှင်။ ဒါကတော့ တောင်တွင်းရှင်ငြိမ်းမယ် ရေးသားတဲ့ အိုင်ချင်းကဗျာ အမျိုးအစားဖြစ်ပါတယ်။ စစ်မှာတမူ လို့ အမည်ရပါတယ်။ ဒီကဗျာစာသားထဲကမှ ကျွန်မအနှစ်ခြိုက်ဆုံး ကဗျာစာသားအပိုဒ်လေးဟာဆိုရင် သူများမောင်မှာ၊ စစ်သံ ကြားလျှင်၊ နာဖျားဥပါယ်၊ ခိုကြတယ်။ နှမ လေးမယ်တို့မောင်မှာ၊ စစ်သံကြားလျှင်၊ ရွှေဓားပိုက်ကာ၊ အိုးစားဖက်ကို လိုက်လို့ရှာသည်။ ဆိုတဲ့ ကဗျာအပိုဒ် ကလေးပဲဖြစ်ပါတယ်။ ဒါကတော့ နိုင်ငံတော်ကို ကာကွယ်ဖို့ဆိုလို့ ရှိရင် အရှေ့ဆုံးကနေ ကာကွယ်ဖို့ရင်ဆိုင် တတ်တဲ့ သူ့ရဲ့ချစ်သူကိုဂုဏ်ယူဖို့ ဝင့်ကြွား စွာနဲ့စပ်ဆိုထားတဲ့ ကဗျာလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ယနေ့အချိန်အခါမှာတော့ ပြည်သူ့စစ်မှု ထမ်းဥပဒေအရ ကိုယ့်နိုင်ငံကို မိမိအသက် အရွယ်အလိုက် နည်းမှန်လမ်းမှန် ရပ်တည် ချက်ခံယူချက် မှန်ကန်စွာနဲ့ ကာကွယ်နေတာ ဖြစ်တဲ့အတွက် ပြည်သူ့စစ်မှုထမ်း ဆောင်ခြင်းဆိုတာ ဂုဏ်ယူစရာကောင်းတဲ့ နိုင်ငံ့တာဝန်တစ်ရပ်ပဲဖြစ်ပါတယ်။ ဒီတာဝန်ကို ကျွန်မတို့က  ဂုဏ်ယူစွာနဲ့ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ဒီပြည်သူ့စစ်မှုထမ်းဥပဒေက နေပြီးတော့ တချို့အကြောင်းအရာလေးတွေကို ကျွန်မ Knowledge Sharing လုပ်ပေးချင်ပါတယ်။ ဒါကတော့ ပြည်သူ့ စစ်မှုထမ်း ဥပဒေကနေ ယာယီကင်းလွတ်ခွင့် ရတဲ့ သူတွေဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေကနေ ယာယီကင်းလွတ်ခွင့်ရတဲ့သူ တွေကတော့ ယာယီစစ်မှုထမ်းရန် ကျန်းမာရေးအဆင့် မသင့်လျော်လို့  တပ်မတော် စစ်ဆေးရေးဘုတ် အဖွဲ့က ထုတ်ပြန်ထားတဲ့သူတွေ၊ ပညာသင်ကြားနေတဲ့သူတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ မိအိုဖအိုတွေကို ကိုယ်ကလွဲရင် ပြုစုမယ့်သူ မရှိတဲ့သူတွေ၊ မူးယစ်ဆေးဝါးဖြတ်နေတဲ့သူတွေနဲ့ ထောင်ကျနေတဲ့သူတွေပဲဖြစ်ပါတယ်။ ဒီလူတွေက ယာယီရွှေ့ဆိုင်း ခွင့်ရှိပါတယ်။ ဒါပေမဲ့ သူတို့တွေက သူတို့ စစ်မှုထမ်းရမယ့်အရွယ် ကျော်လွန်သွားပြီ ဆိုရင်တောင်မှ စစ်မှုပြန်လည် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ဒါကတော့ ကျွန်မတို့နိုင်ငံရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေများထဲက အကြောင်းကို အနည်းငယ်ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီနေ့ကျွန်မပြောပြမယ့် နိုင်ငံကတော့ ဗီယက်နမ်နိုင်ငံဖြစ်ပါတယ်။  ဗီယက်နမ်နိုင်ငံဟာ မြောက်ဘက်မှာဆိုရင် တရုတ်နိုင်ငံ၊ အနောက်မြောက်ဘက်မှာဆိုရင် လာအိုနိုင်ငံ၊ အနောက်တောင်ဘက်မှာဆိုရင် ကမ္ဘောဒီးယားနိုင်ငံ တို့တည်ရှိပါတယ်။ ဒီဗီယက်နမ်နိုင်ငံဟာ ဆိုရင်လည်း လူဦးရေအရဆိုရင် အလွန်များ ပြားတဲ့နိုင်ငံ တစ်ခုဖြစ်ပါတယ်။  ဗီယက်နမ်နိုင်ငံဟာ  ဒီစစ်မှုထမ်းဥပဒေကို  စတင် ကျင့်သုံးခဲ့တာကတော့ ၂၀၁၆ ခုနှစ်မှာဖြစ်ပါတယ်။ အသက်ကန့်သတ်ချက်အနေနဲ့ ကတော့ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အတွင်း ဒီကောလိပ်တွေ၊ တက္ကသိုလ်တွေ တက်ထားတဲ့သူတွေကတော့ အသက် ၁၈ နှစ်ကနေပြီးတော့ အသက် ၂၇ နှစ်အတွင်း အမျိုးသားတွေက တာဝန်ထမ်းဆောင်ရတာ ဖြစ်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ကတော့ နိုင်ငံတော် တည်ငြိမ်အေးချမ်းနေသမျှ ကာလပတ်လုံး သူတို့က တာဝန်ထမ်းဆောင်စရာ မလိုပါဘူး။ ဒါပေမဲ့ သူတို့စိတ်ဆန္ဒနဲ့သူတို့ တာဝန်ထမ်းဆောင်ချင်တယ်ဆိုရင်တော့ ထမ်းဆောင်လို့ရပါတယ်။ ဒီစစ်သင်တန်း ကာလကတော့ ကျွန်မတို့က အခြေခံစစ် သင်တန်း ၃ လ တက်ရောက်ရပါတယ်။ အဲ့ဒါ ပြီးမှ ၂ နှစ်တိတိ စစ်မှုထမ်းဆောင်ရမှာဖြစ် ပါတယ်။ အခြေခံစစ်သင်တန်းက ၃ လ  စစ်မှုထမ်းဆောင်ရမှာတော့ ၂ နှစ်တာဝန် ထမ်းဆောင်ရမှာဖြစ်ပါတယ်။ နိုင်ငံတော် ကိုကာကွယ်ဖို့ လိုအပ်လာတဲ့အချိန်တို့ ဒါမှ မဟုတ်ရင်  သဘာဝဘေးအန္တရာယ်ကို ကယ်ဆယ်ရေး၊ ကာကွယ်ရေး၊ ဒါမှမဟုတ် ရင် ကူးစက်ရောဂါစတဲ့ အခြေအနေတစ်ခုခု ကြောင့်ဆိုရင်တော့ ကာကွယ်ရေးဝန်ကြီး ဌာနက ဒီစစ်မှုထမ်းတဲ့ ကာလကို ၆ လထက်မပိုတဲ့ ကာလကို တိုးမြှင့်ချထားနိုင်ပါတယ် ရှင့်။ ဒီစစ်သင်တန်း ၃ လပြီးသွားပြီဆိုလို့ ရှိရင်တော့ သူတို့တွေဟာ တပ်သားကိုမှ Private Second Class အနေနဲ့ စတင် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ဒီလို ထမ်းဆောင်ပြီးတော့ သူတို့ရဲ့စွမ်းဆောင်ရည် သူတို့ရဲ့ တာဝန်ကျေပွန်မှုပေါ်မှာ မူတည် ပြီးတော့ ၆ လကြာတဲ့အခါမှာ တပ်သား ပထမတန်း Private First Class စတင် ရရှိမှာဖြစ်ပါတယ်။ အဲ့ဒီကနေ နောက် ၆ လ ကြာတဲ့အခါမှာ တပ်ကြပ်အဆင့်နဲ့ ဒုတိယ  တပ်စိတ်မှူး ရာထူးကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ နောက် ၆ လကြာတဲ့အခါမှာတော့ တပ်ကြပ်ကြီးအဆင့်နဲ့ တပ်စိတ်မှူး ရာထူးကို ထမ်းဆောင်ရမှာဖြစ်ပါတယ်။ 

ဒီကနေမှ နောက် ၆ လကြာတဲ့အခါမှာ သူတို့ က အရာခံအဆင့်နဲ့ ဒုတိယ တပ်စုမှူးရာထူး ကို ထမ်းဆောင်ရမှာဖြစ်ပါတယ်။ နည်းပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်း ပညာ ရပ်တစ်ခုခုကို ကျွမ်းကျင်တဲ့သူတွေကတော့ ဒီသင်တန်းဆင်းပြီး ၆ လအကြာမှာ တပ်ကြပ် အဆင့်ပေးပါတယ်။ အဲ့ဒါမှ နောက် ၆ လ ကြာလို့ရှိရင် တပ်ကြပ်ကြီးအဆင့်ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါမှတစ်ဆင့် နောက် ၆ လ ကြာတဲ့အခါမှာ အရာခံဗိုလ်အဆင့်ကို ရရှိမှာဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်လိုတဲ့ နေရာတွေကို စစ်မှုထမ်းဖို့ စတင်စာရင်းသွင်းကတည်းကိုက ဒီခြေလျင်တပ်ရင်း/တပ်ဖွဲ့တွေ၊ လက်ရုံးတပ်တွေ၊ ပြီးရင်ဗီယက်နမ်ပြည်သူ့ ရေတပ်၊ ဗီယက်နမ်ပြည်သူ့ လေကြောင်းရန် ကာကွယ်ရေးတပ်နဲ့ လေတပ်၊ ကမ်းခြေ စောင့်တပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ တွေမှာ တာဝန်ထမ်းဆောင်ဖို့ လျှောက်ထား နိုင်တာဖြစ်ပါတယ်။ အခြေခံသင်တန်း ၃ လ ပြီးတဲ့အခါမှာ သူတို့လျှောက်ထားတဲ့အပေါ်မှာရော အင်အားလိုအပ်ချက် အပေါ်မှာရော မူတည်ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာန က ခွဲဝေသတ်မှတ်တဲ့ နေရာတွေမှာ သူတို့က တာဝန်ထမ်းဆောင်ရတာ ဖြစ်ပါတယ်။ အဆင့်ရာထူး သတ်မှတ်ချက်အတွက်တော့ သင်တန်းတွေ  ထပ်တက်စရာမလိုပါဘူး။ ဒါကတော့ ဗီယက်နမ်နိုင်ငံအကြောင်း ကျွန်မလေ့လာထားသမျှကို Knowledge Sharing  လုပ်ပေးခြင်းပဲဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ စူးစမ်းခြင်း၊ စွန့်စားခြင်း စတဲ့ဟာတွေကို ကောင်းတဲ့ နေရာတွေမှာသာ ဆောင်ရွက်သင့်ပါတယ်။ အကြောင်းအရာ တစ်ခုကို စဉ်းစားဆင်ခြင်ပြီး ဆုံးဖြတ်ပြီ ဆိုလို့ရှိရင်ဖြစ်နိုင်လား၊ မဖြစ်နိုင်ဘူးလား၊ မှားလား၊ မှန်လားဆိုတာကို သေသေချာချာ တွေးတောဆင်ခြင် စဉ်းစားဆုံးဖြတ်နိုင်စွမ်း ရှိရပါမယ်။ အကြောင်းအရာတစ်ခုကို စဉ်းစား လိုက်ပြီဆိုရင် နိဒါန်းပိုင်းလောက်နဲ့သာ မစဉ်းစားဘဲနဲ့ စာကိုယ်ပိုင်း၊ နိဂုံးပိုင်းလောက် အထိကို စဉ်းစားဖို့လိုပါတယ်။ အတ္တဟိတ၊ ပရဟိတမျှရမှာလည်း ဖြစ်ပါတယ်။ ကိုယ်စဉ်းစားလိုက်တဲ့ အကြောင်းအရာဟာ ပစောက်လား၊ ၁ လား၊ ဂငယ်လား၊ ငလား ဆိုတာကို သေသေချာချာ ကွဲကွဲပြားပြားသိဖို့ ဆိုရင် ရှုထောင့်ပေါင်းစုံက နေပြီးတော့ သေသေချာချာ ဆန်းစစ်ကြည့်ရမှာဖြစ်ပါတယ်။

အသက်အရွယ်နဲ့လိုက်ဖက်တဲ့ တာဝန်ယူလိုမှု၊ ရင့်ကျက်တည်ငြိမ်မှု၊ မျိုးချစ်စိတ်နဲ့ ဗဟုသုတတွေလည်း ရှိဖို့လိုအပ်ပါတယ်။

ဘိုးဘွားတို့ပြုခဲ့ဖူးတဲ့ ကျေးဇူးနဲ့ ကျွန်မတို့ဟာ ကိုယ့်နိုင်ငံနဲ့ကိုယ် လွတ်လပ်စွာ နေထိုင်နိုင်တာဖြစ်ပါတယ်။ ဒီလိုပဲ ကျွန်မတို့လက်ထက်မှာလည်း ကိုယ့်နိုင်ငံတော်ကို ကိုယ်ကာကွယ်မှသာလျှင် ကိုယ်တို့ရဲ့အနာဂတ် မျိုးဆက်သစ်တွေဟာ ဆက်လက်ပြီး အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်မှာဖြစ်ပါတယ်။ အနာဂတ် မြန်မာနိုင်ငံတော်ရဲ့ ကံကြမ္မာဟာ ကျွန်မတို့ ပြည်သူတွေရဲ့ လက်ထဲမှာပဲရှိပါတယ် ဆိုတာကိုပြောကြားရင်းနဲ့  ဒီတစ်ပတ်မှာတော့ ဒီလောက်နဲ့ပဲ နိဂုံးချုပ်ချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။