အောက်ဆီဂျင်မရှူဘဲ ရေခဲပြင်အောက်မှာ ၄၅၉ ပေအထိ ရေကူးခဲ့တဲ့ အာဂသတ္တိခဲ

 

အောက်ဆီဂျင်မရှူဘဲ ရေခဲပြင်အောက်မှာ ၄၅၉ ပေအထိ ရေကူးခဲ့တဲ့ အာဂသတ္တိခဲ

 

    အာဂသတ္တိခဲရေကူးသမား တစ်ဦးဖြစ်တဲ့ ဗယ်လက်တီနာကာဖိုလာဟာ အောက်ဆီဂျင်မရှူဘဲ ရေခဲပြင်အောက်မှာ အကွာအဝေး ၄၅၉ ပေအထိ ရေကူးပြနိုင်ခဲ့ပါတယ်။

အသက် ၂၇ နှစ်သာရှိသေးတဲ့ ဗယ်လက်တီနာကာဖိုလာဟာ ရေကူးဝတ်စုံနဲ့ ရေယက်တစ်ခုတို့ကို ဝတ်ဆင်ကာ အီတလီနိုင်ငံ လာဂိုဒီအန်တာဆယ်ဗာမှာ ရှိတဲ့ ရေခဲပြင်အောက်ထဲကို ဒိုင်ဗင်ထိုးဆင်း သွားခဲ့ပါတယ်။

ဗယ်လက်တီနာကာဖိုလာဟာ ၂၀၁၇ ခုနှစ်တုန်းကလည်း အလားတူပုံစံမျိုးနဲ့ ရေကူးပြီး ကမ္ဘာ့စံချိန် တင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံသား ယာဆူကိုအိုဇီကီက သူ့ရဲ့စံချိန်ကို ချိုးလိုက်ပါတယ်။ အကွာအဝေးကတော့ ၄၁၃ ပေပါ။

အနိုင်မခံ အရှုံးမပေးလိုတဲ့ ဗယ်လက်တီနာကာဖိုလာဟာ အိုဇီကီက စံချိန်တင်ပြီး ၃၆ နာရီအကြာမှာပဲ  အခုလိုမျိုးနည်းနဲ့ ရေထဲဒိုင်ဗင်ထိုးဆင်းကာ အကွာအဝေး ၄၅၉ ပေအထိကို ရေကူးပြီး စံချိန်အသစ် တင်လိုက်တာဖြစ်ပါတယ်။