အော်ရီဂွန်ပြည်နယ်မှ အမျိုးသမီးတစ်ဦး လျှာလုံးပတ် အကြီးဆုံးအဖြစ် ဂင်းနစ်မှတ်တမ်းဝင်

 

အော်ရီဂွန်ပြည်နယ်မှ အမျိုးသမီးတစ်ဦး လျှာလုံးပတ် အကြီးဆုံးအဖြစ် ဂင်းနစ်မှတ်တမ်းဝင်

 

    အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ်မှ အမျိုးသမီးတစ်ဦးဟာ ထူးထူးဆန်းဆန်း အနေနဲ့ လျှာလုံးပတ် အကြီးဆုံးလူပုဂ္ဂိုလ်အဖြစ် ဂင်းနစ်မှတ်တမ်း ဝင်သွားပါတယ်။

ပေါ့လန်းမြို့မှာနေထိုင်တဲ့ ဂျန်နီဒူဗန်ဒါဆိုသူ အမျိုးသမီးဟာ ၂၀၂၃ ခုနှစ် ကမ္ဘာ့ဂင်းနစ် မှတ်တမ်းစာအုပ်မှာ လျှာလုံးပတ် အကြီးဆုံးလူပုဂ္ဂိုလ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂင်းနစ်မှတ်တမ်း တင်နိုင်တယ်ဆိုတာကို တွေ့လိုက်ရပါတယ်။

ဂျန်နီဒူဗန်ဒါက သူ့ရဲ့လျှာဟာကြီးတယ်ဆိုတာကိုတော့ သိထားပါတယ်။ အဲဒါနဲ့ အိမ်မှာတိုင်းကြည့်တဲ့အခါ  သူ့ရဲ့လျှာ လုံးပတ်ဟာ ကမ္ဘာ့စံချိန် ချိုးလောက်တယ်လို့ထင်ခဲ့ပါတယ်။

ဒီလိုနဲ့သွားဆရာဝန်နဲ့ တရားဝင်တိုင်းတာမှု လုပ်တဲ့အခါကျတော့ သူ့ရဲ့လျှာလုံးပတ်ဟာ ၅ ဒသမ ၂၁ လက်မအထိ ရှိနေတာကို တွေ့ရပါတယ်။ ဒါကြောင့်ပဲ ဂျန်နီဒူဗန်ဒါက ကမ္ဘာပေါ်မှာ လျှာလုံးပတ် အကြီးဆုံးလူပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်သွားရတာပါ။

လျှာသည်   လူ့ခန္ဓာကိုယ်ရှိ လှုပ်ရှားနိုင်သော ကြွက်သားအစိတ်အပိုင်း တစ်ခုဖြစ်ပြီး ယခုကဲ့သို့ကြွက်သားများ သန်မာမှုကြောင့် ပလွေတူရိယာကို မှုတ်သည့်အခါ လွန်စွာ အဆင်ပြေကြောင်း ဂျန်နီဒူဗန်ဒါက ပြောထားပါတယ်။