အငှားကိုယ်ဝန်ဆောင်ပေးခြင်းကို တရားဝင်ခွင့်ပြုရန် ထိုင်းစီစဉ်

 

အငှားကိုယ်ဝန်ဆောင်ပေးခြင်းကို တရားဝင်ခွင့်ပြုရန် ထိုင်းစီစဉ်

 

နိုင်ငံခြားသားများအတွက်    အငှားကိုယ်ဝန်ဆောင်ပေးခြင်းကို တရားဝင်ခွင့်ပြုပေးနိုင်ရန် အတွက် ထိုင်းအစိုးရက ဥပဒေတစ်ရပ်ကိုပြင်ဆင်ရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေး အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုင်းအစိုးရသည် နိုင်ငံအတွင်း၌ တရားမဝင်အငှား ကိုယ်ဝန်ဆောင်မှုများကြောင့် ပြဿနာများ ဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံခြားသားများအတွက်  အငှားကိုယ်ဝန်ဆောင်ခြင်းကို    စည်းကမ်း ထိန်းသိမ်းနိုင်ရေးအတွက် တင်းကျပ်သည့် စည်းကမ်း ထိန်းချုပ်မှုများကို ၂၀၁၅ ခုနှစ်မှစ၍ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ သို့သော် နိုင်ငံခြားသား များအနေဖြင့်    လာမည့်အနာဂတ်တွင် စည်းကမ်းထိန်းချုပ်မှုရှိသည့် အငှားကိုယ်ဝန် ဆောင်ခြင်း ဝန်ဆောင်မှုကို   ရယူနိုင်ရန်အတွက် အစိုးရက ပြင်ဆင်မှုများ လုပ်ဆောင် ရန်စီစဉ်နေခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ရေးဌာနမှ  ဒုတိယ ညွှန်ကြားရေးမှူးချုပ် အာခွန်ပရာဒစ်ဆူဝန်က မတ်လ ၁ ရက်တွင်  Reuters သတင်းဌာနသို့ ပြောသည်။

အငှားကိုယ်ဝန်ဆောင်ခြင်း ဝန်ဆောင်မှုကို ရယူသုံးစွဲလိုသည့်  နိုင်ငံခြားသားများ အနေဖြင့်  တရားဝင်ထိမ်းမြား လက်ထပ်ထားသူများဖြစ်ပြီး အငှားကိုယ်ဝန်ဆောင်ခြင်းမှ မွေးဖွားလာသည့် ကလေးအနေဖြင့် မိဘများ၏ နေရင်းနိုင်ငံအတွင်း၌ ဥပဒေအရ အကာအကွယ်ပေးမှုနှင့်    ရသင့်ရထိုက်သည့် အခွင့်အရေးများ ရယူနိုင်ခွင့်ရှိရမည် ဖြစ်ကြောင်း   အာခွန်ပရာဒစ်ဆူဝန်က ဆက်လက်ပြောကြား ထားကြောင်း သိရသည်။